အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

ယာဉ်မောင်းကျောင်းကို ဝင်တိုက်တဲ့ ယာဉ်မောင်းကျောင်းသား




ဝါရှင်တန် ပြည်နယ်၊ ဘဲလဗ်မြို့မှာ ရှိတဲ့ ယာဉ်မောင်းကျောင်းကို ယာဉ်မောင်း ကျောင်းသား တစ်ဦးကနေ ဝင်တိုက် ခဲ့ပြီး ဘယ်သူမှ ဒဏ်ရာ မရခဲ့ဘူးလို့ သတင်း ရရှိပါတယ်။

ဓာတ်ပုံကိုတော့ ဝါရှင်တန်ပြည်နယ်၊ ဘဲလဗ်မြို့ ရဲတပ်ဖွဲ့ကနေ အမှုသက်သေအဖြစ်နဲ့ ရိုက်ကူးခဲ့တာပါ။

ဒီ မတော်တဆမှုဟာ ပြီးခဲ့တဲ့ သောကြာနေ့ နံနက်က ဘဲလဗ်နိုင်းဝမ်းဝမ်း ယာဉ်မောင်းကျောင်း နဲ့ ဒီအိုအယ်လ် စစ်ဆေးစင်တာမှာ ဖြစ်ခဲ့တာပါ။

“ယာဉ်မောင်းသူကို ဘာမှမထိခိုက်ပါဘူး။ အဆောက်အအုံထဲကို ဝင်တိုက်ပြီး အထဲမှာရှိတဲ့ Shasta Cola စက်ကို ဝင်တိုက်သွားခဲ့တယ်။” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကံမကောင်းစွာဘဲ ဒီယာဉ်မောင်းကျောင်းသားဟာ စစ်ဆေးမှု မအောင်မြင်ဘူးလို့ သတ်မှတ်လိုက်ကြပါတယ်။

Ref: NBC News

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_74.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...