အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

လမ်းမလျှောက်ချင်လို့ တက္ကစီ ခိုးသွားတဲ့ လူတစ်ယောက်




Des Moines ဆေးရုံကနေ ဆင်းလာပြီးနောက် တက္ကစီတစ်စီးကို ခိုးသွားတယ်လို့ စွပ်စွဲခံရတဲ့ လူတစ်ယောက်ဟာ သူအိမ်အပြန် လမ်းမလျှောက် ချင်လို့ ခိုးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

အသက် ၂၆နှစ် ရှိပြီဖြစ်တဲ့ Luis Orellana-Rivera သောကြာနေ့ နံနက် ၆နာရီခန့် မှာ ဆေးရုံက ဆင်းခဲ့ပြီး တက္ကစီကို မောင်းပြေး သွားတာ ဖြစ်တယ်လို့ Des Moines ရဲဌာနက ပြောပါတယ်။ အဲ့ဒီ့အချိန်တုန်းက တက္ကစီမှာ လူမရှိဘဲနဲ့ စက်နှိုးတဲ့နေရာမှာ သော့တန်းလန်းရှိနေခဲ့တယ်လို့ သိရပါတယ်။

တက္ကစီကို ခိုးယူသွားပြီး နာရီဝက် အကြာမှာတင်ပဲ Orellana-Rivera ကို ရှာတွေ့ခဲ့ရပါတယ်။ သူ့ကို ဖမ်းမိတုန်းက သူ့အိတ်ကပ်ထဲမှာ တက္ကစီသော့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတွေကပြောပါတယ်။

သူဟာ ခြောက်ဘလောက် ဝေးတဲ့ အိမ်ကို လမ်းမလျှောက်ချင်လို့ပါဆိုပြီး ဖမ်းတဲ့ရဲတွေကို Orellana-Rivera ကပြောကြောင်း Des Moines ရုပ်သံဌာနမှာ သတင်းထုတ်ပြန်ပါတယ်။

Orellana-Rivera ဟာ ဒုတိယဆင့် ခိုးမှုကို ရင်ဆိုင်နေရပါတယ်။ တနင်္ဂနွေနေ့တုန်းက သူဟာ စီရင်စု အကျဉ်းထောင်မှာပဲ ရှိနေပါသေးတယ်။ ရှေ့နေ စာရင်းမသွင်းထားကြောင်း တရားရုံးက မှတ်တမ်းတင်ထားပါတယ်။

Ref: AP

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_71.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...