အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

ကလေးလေးကို ဘီယာနဲ့ စီးကရက် ညာတိုက်




ဒါကတော့ ရိုမေးနီးယန်း အမျိုးသား နှစ်ဦးကနေ ကလေးလေးကို ဘီယာနဲ့ စီးကရက်သောက် စေခဲ့တဲ့ ဖိုင်ပါ။

မှတ်တမ်း ဗီဒီယိုကို စပိန်နိုင်ငံက ကော်ဖီဆိုင် တစ်ခုရဲ့ အပြင်ဘက်မှာ ရိုက်ထားပြီး ကလေးငယ် ကောင်လေးဟာ အမျိုးသား တစ်ဦးရဲ့ ပေါင်ပေါ်မှာ ထိုင်ရင်း ဘီယာ တစ်ခွက် သောက်ခဲ့ တာပါပဲ။ ကောင်လေးရဲ့ ပါးစပ်မှာ ဆေးလိပ်ကို တေ့ပြီး တိုက်လိုက် ပါသေးတယ်။ ‘ဒါမှ ယောကျာ်းကွ’ လို့ အမျိုးသား တစ်ယောက်ကနေ ပြောခဲ့ပါတယ်။

ဒီတုန်လှုပ်ဖွယ် ဗီဒီယိုဖိုင်ကို နောက် ရိုမေးနီးယား တစ်ယောက်ကနေ Facebook မှာ တင်ခဲ့တာပါ။ ကောင်လေးကို ဘီယာနဲ့ ဆေးလိပ်တိုက်ခဲ့သူကတော့ ကလေးအဖေ ဖြစ်ပုံရပါတယ်။

“ဒီလူကတော့ မိဘအခွင့်အရေး ဆုံးရှုံးတော့မှာပဲ။ ကလေးသူငယ်စောင့်ရှောက်ရေး အရာရှိတွေ တစ်ခုခုတော့ လုပ်သင့်တယ်နော်။” လို့ Facebook မှာဝင်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ကလေးမွေးမယ့်သူတိုင်းကို စာမေးပွဲစစ်သင့်တယ်။ ကျရင်တော့ ကလေးမယူနိုင်ဘူးပေါ့။ ဒီလိုမှမဟုတ်ရင် ကမ္ဘာမှာ စိတ်မနှံ့တဲ့၊ ဉာဏ်ရည်မမှီတဲ့ သူတွေကြီးပဲ ဖြစ်ကုန်လိမ့်မယ်။” ဆိုပြီး Facebook မှာဝင်ကြည့်တဲ့ Mihaela Stanciu ဆိုသူက ပြောသွားပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ ပါတဲ့သူတွေက ဘယ်သူတွေဆိုတာကို အတည်မပြုရသေးပါဘူး။ ဒါပေမဲ့ စပိန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လို့တော့ ယုံကြည်ရပါတယ်။



Ref: Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_21.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...