
အရက်မူးနေတဲ့ လူတစ်ယောက်ဟာ လေယာဉ်ပေါ်မှာ ဘောင်းဘီ ချွတ်ပြီး လေယာဉ်မယ် တစ်ယောက်ကို လိင်ဆက်ဆံဖို့ ခေါ်ခဲ့တဲ့ အတွက် လေယာဉ်ကို အရေးပေါ် ဆင်းသက် ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။
တူရကီ အခြေစိုက် လေကြောင်း ကုမ္ပဏီဖြစ်တဲ့ Sun Express ပိုင် လေယာဉ်ဟာ အခင်းဖြစ် ပွားပြီးတဲ့နောက် လေယာဉ် လမ်းကြောင်းပြောင်း ခဲ့ရတယ်လို့ သိရပါတယ်။
Dublin ကနေ Izmir ကိုသွားမယ့် လေယာဉ်မှာ စီးနင်းလိုက်ပါ ခဲ့တာ ဖြစ်ပြီး သူငယ်ချင်း တစ်အုပ်ကြီးနဲ့ ခရီးသွားခဲ့တာလို့ AirLive.net ကနေ သတင်း ထုတ်ပြန်ပါတယ်။
ဒီလူဟာ ဘောင်းဘီကို ချွတ်ပြီး အတွင်းခံကို မချွတ်ခင်မှာ သူ့လိင်အင်္ဂါကို ဝှေ့ယမ်းပြ ခဲ့တာပါ။ သူ့ရဲ့ ခရီးစဉ် တစ်လျှောက်ကို ဒီအတိုင်း ဆက်လုပ်နေ ခဲ့သလား၊ သူ့သူငယ်ချင်းတွေဟာ သူနဲ့အတူ ဆင်းနေခဲ့လား ဆိုတာကို မသိရပါဘူး။
သူတို့အုပ်စုဟာ လေဆိပ်က ဘားမှာ အရက်အလွန်အကျွံ သောက်နေခဲ့တယ် လို့တော့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လေဆိပ်မှာ အရက်မူးနေတဲ့ ခရီးသွားဧည့်သည်တွေကို လေယာဉ်ပေါ်တက်ခွင့် ပိတ်ပင်ဖို့အတွက် ဝန်ကြီးတွေ ကြိုးစားလုပ်ဆောင်နေတယ်လို့တော့ သိရပါတယ်။
Original link - http://knowledge.thithtoolwin.com/2015/10/blog-post_22.html
| ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |






No comments: