
ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် မဲ့တင်က သဘာဝ ဆင်ဥယျာဉ်မှာ အမျိုးသမီး တဦးဟာ သီချင်း ဆိုပြီး ဆင်ကို ချော့သိပ် ရာမှာတော့ ဆင်က အိပ်မော ကျသွား ပါတယ်။
ဒီဖြစ်ရပ်ကို ဥယျာဉ်က ၀န်ထမ်း တဦးက ဗွီဒီယို ရုပ်သံ အဖြစ် မှတ်တမ်းတင် ထားခဲ့ ပါတယ်။
လပ်လို့ aခ်ါတဲ့ အမျိုးသမီးက ဖာဖိုင်းလို့ aခ်ါတဲ့ ဆင်နဲ့ အပေါက်အလမ်း တည့်နေသလို နှစ်ပေါင်းများစွာ သီချင်း ဆိုပြီး ချော့သိပ် ခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ဆီသွားတဲ့ အခါမှာ လပ်က နူးညံ့တဲ့ အသံနဲ့ သီချင်း ဆိုပြရာမှာတော့ ဆင်က နှာမောင်းနဲ့ ဆွဲပြီး သူ့ကို ဖက်ခဲ့ ပါတယ်။
ဒီနောက် အမျိုးသမီးက ဆင်နားမှာ ရှိတဲ့ အင်းဆက်တွေကို အ၀တ် တထည်နဲ့ မောင်းထုတ် ဖယ်ရှား ပေးရာမှာ အိပ်ချင် လာတဲ့ ဆင်က လှဲချခဲ့ ပါတယ်။
လပ်ကလည်း ဆင်ပေါ်ကို မှီပြီး ဆင်အိပ်ပျော် သွားပေမယ့် သီချင်းကို ဆက်လက် သီဆိုခဲ့ ပါတယ်။
ဒီရုပ်သံကို ကြည့်ရှုသူပေါင်း သိန်းချီ ရှိခဲ့ပြီး တချို့ကတော့ တအံ့ တသြနဲ့ မှတ်ချက်တွေ ရေးသား ခဲ့ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/151758






No comments: