အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 26, 2016

သဲနဲ့ ရွှံ့တွေကို ၁၇ နှစ်ကြာ စွဲစွဲမြဲမြဲ စားသောက်ခဲ့တဲ့ အိန္ဒိယ အမျိုးသား




မေ - ၂၇၊ ၂၀၁၆

အိန္ဒိယ နိုင်ငံက အမျိုးသား တစ်ယောက်ဟာ သဲနဲ့ ရွှံ့တွေကို စားသောက်ပြီး ရှင်သန် နေထိုင် လာတာ ၁၇ နှစ် ကြာမြင့် ခဲ့ပြီလို့ ဆိုပါတယ်။

အိန္ဒိယ မြောက်ပိုင်းက ယူတာပရာဒက်ရှ် ပြည်နယ်မှာ နေထိုင်တဲ့ နေ့စား အလုပ်ကြမ်း သမား ရာမက်ရှ်ဝါဟာ ဆေးမြီးတို သဘောနဲ့ အစပြု ခဲ့ရာကနေ သဲတွေကို စွဲစွဲ လမ်းလမ်း စားသောက် လာခဲ့တာ ဖြစ်ကြောင်း ဆိုပါတယ်။

ချောင်းဆိုးသွေးပါ ရောဂါကို ခံစားရ ချိန်မှာ ကုထုံးတစ်ခု အနေနဲ့ သဲတွေကို စားသောက်ရင်း ပြသနာ ပြေလည် သွားသလို ကိုယ်တိုင်လည်း ဒီအကျင့်ကို စွဲမြဲ သွားတာ ဖြစ်တယ်လို့ ရာမက်ရှ်ဝါက ပြောပြ ပါတယ်။

အခုဆိုရင် သူ့အနေနဲ့ တစ်နေ့ကို သဲနဲ့ရွှံ့ ၁၀၀ ကနေ ၁၅၀ ဂရမ်လောက်ထိ စားနေပြီး တခြား ဘာအစာ အာဟာရမှ မမှီဝဲတော့ ဘူးလို့လည်း ရာမက်ရှ်ဝါက ဆိုပါတယ်။

ပြီးတော့ ဆေးဝါး ကုသမှုတွေ ခံယူ စရာလည်း မလိုဘူးလို့ ပြောပြ ခဲ့တယ်။


by 7Day TV

Originally published at - https://www.facebook.com/7DayOnlineTV/videos/1076263455778689/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...