အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 26, 2016

ထိုင်းအမျိုးသားတဦး မတော်ရာ မြွေကိုက်ခံရ




ထိုင်းနိုင်ငံက အမျိုးသား တစ်ဦးဟာ အိမ်သာ တက်နေတုန်း မတော်ရာကို မြွေကိုက်ခံ လိုက်ရ ပါတယ်။

အိမ်သာ ရေဆင်း ပိုက်ထဲက ကိုးပေလောက် အရှည် ရှိတဲ့ စပါးအုံး မြွေကြီးဟာ အိမ်သာ တက်နေတဲ့ Attaporn Boonmakchuay ရဲ့ အမျိုးသား လိင်တံကို ကိုက်ခဲ့ တာပါ။

နာရီဝက်လောက် မြွေ နဲ့ ရုန်းကန် ခဲ့ရပြီး အော်ဟစ် အကူအညီ တောင်းတဲ့ အတွက် အိမ်နီးနားချင်း တွေကလည်း ဓားတွေ ကြိုးတွေ နဲ့ အပြေး လာကူခဲ့ ကြပါတယ်။

နောက်ဆုံး မြွေကြီး ရဲ့ ခေါင်းကို ကြိုးနဲ့ တုတ်၊ အိမ်သာတံခါး နဲ့ တွဲချည် ခဲ့ပြီး မြွေကြီး ခဏ အားကုန်တဲ့ အချိန်မှာမှ ကိုက်ထားတဲ့ မေရိုး ကနေ လွတ်အောင် ရုန်း နိုင် ခဲ့တာပါ။ ၃ စင်တီ မီတာလောက် ရှိတဲ့ ဒဏ်ရာကို ချုပ်ခဲ့ ရပြီး ပြန်ကောင်းမှာ ပါလို့ ဆရာဝန် တွေက ပြောပါတယ်။

အိမ်သာ တွင်းထဲက မြွေကိုတော့ အိမ်သာကို ဖျက်ပြီး ဆွဲထုတ် ခဲ့သလို အသက်ရှင်ရက် တောထဲ ပြန်လွှတ် ခဲ့ပါတယ်။


by VOA Burmese News

Originally published at - https://www.facebook.com/VoA.Burmese.News/videos/10154063953120170/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...