အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ အသက် ၃၅ နှစ် အရွယ် အလုပ် လက်မဲ့ သောမတ်စ် သောဝိတ်သည် လူ့လောကကို လက်လျော့ အရှုံးပေးပြီး ဆွစ်ဇာလန် နိုင်ငံ အလဲ့လ်ပ် တောင်တန်းတွင် ဆိတ်များနှင့် အတူ နေတော့မည်ဟု ပြောသည်။
ထို့ကြောင့် သူသည် လေးဘက်ထောက် သွားလာနိုင်ရန် အထူးပြုလုပ် ထားသော ခြေလက် များကို တပ်ဆင် ခဲ့သည်။
သို့သော် အစပိုင်းတွင် သူ့ကို ဆိတ်များက လက်မခံဘဲ ရန်ပြု ကြသည်။ သူက ဆိတ်တွေ မှာလည်း သူ့ရာထူး အဆင့်နဲ့ သူ ရှိတယ်။ ဒါကို ကျွန်တော် သိသွားတဲ့ အချိန်က စပြီး ဆိတ်တွေနဲ့ ကျွန်တော့်ကြား ပြဿနာ မရှိတော့ဘူး။
ဆိတ်မတစ်ကောင်ဆို ကျွန်တော့်ကို အသိအမှတ်ပြုပြီး ကျွန်တော်သွားလေရာနောက် တကောက်ကောက် လိုက်နေတယ်။
ဒါဟာဝမ်းသာစရာပဲဟုပြောသည်။
သောမတ်စ်ဝတ်သည် ယခုအခါ ဆိတ်များကဲ့သို့ မြက်စားနိုင်ရန် အတွက် သူ၏ အစာအိမ်ကို ခွဲစိတ် ပြုပြင်ရန် စီစဉ်နေသည်။
လူ့ဘ၀မှာ နေတုန်းက အလုပ် ကလည်း မရှိ၊ ပြဿနာတွေက ပေါင်းစုံနဲ့ စိတ်ဖိစီး မှုတွေ များတယ်။ အခုဆိတ်လိုနေတော့ အေးချမ်းတယ်။ လူတွေက ကျွန်တော့်ကို အရူးလို့ ပြောပေမယ့် တစ်ချိန်မှာ ကျွန်တော်ဟာ ခွေးလို လမ်းလျောက်ပြီး ခွေးတွေနဲ့ အတူ နေဖို့လည်း စိတ်ကူး ထားပါတယ်ဟု ပြောပြသည်။
tomorrow ဂျာနယ်
Originally published at - http://tomorrow.com.mm/?q=articles/2601

No comments: