အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 1, 2016

အင်္ဂါဂြိုဟ်ပေါ်၌ သစ်ပင်များ တွေ့ရှိခြင်းလော




ရုတ်တရက်ကြည့်လျှင် တောင်ကုန်းများ ထူထပ်ပြီး ကန္တာရ သဖွယ် ဖြစ်နေသည့် အင်္ဂါဂြိုဟ်၏ မျက်နှာပြင်၌ ကျွန်းများ သဏ္ဍန် စီတန်းနေသော သစ်ပင်များ၏ အရိပ်သည် အနီရောင် သန်းနေသော မြေမျက်နှာ ပြင်သို့ ကျရောက် နေဖွယ် ရှိသည်ဟု ထင်စရာ ရှိသည်။

သို့သော် အောက်ပုံတွင် မြင်ရသည့် အတိုင်း အင်္ဂါဂြိုဟ်၏ မြေမျက်နှာ ပြင်သည် ကမ္ဘာမှ မိုင်ပေါင်း ၆၂ သန်းကျော် အကွာ အဝေးတွင် ရှိပြီး အေးခဲပြီး သဲထူထပ်သော သဲသောင်ပို့များ၊
ရေခဲနေသော မြစ်ငယ်များဖြင့် ပြည့်နှက်နေပြီး နာဆာ၏ ဂြိုဟ်တုမှ ရိုက်ထားသော ပုံတွင် မြင်ရသော သစ်ပင်များမှာ သစ်ပင် မဟုတ်ဘဲ အနက်ရောင်သမ်းနေသော ဓာတ်သတ္တုများ
ဖြစ်သည်။

ဆောင်းတွင်း၌ သဲသောင်ပို့ များအား ကာဗွန်ဒိုင် အောက်ဆိုဒ် ပါသော ရေခဲများ ဖုံးလွှမ်း သွားပြီး ပူပြင်းသော ရာသီတွင် ရေခဲများ အငွေ့ပျံလာပြီး အနက်ရောင် သမ်းသော ဓာတ်သတ္တုများ အဖြစ် ပြောင်းလဲကာ တောင်စောင်းများပေါ်၌ စီးဆင်း လာခြင်းဖြစ်သည်။

ယခုပုံအား နာဆာမှ အင်္ဂါဂြိုဟ်အား ပတ်နေသော ဂြိုဟ်တုမှ အလွန် အားပြင်းသော အဝေးကြည့် မှန်ပြောင်းဖြင့် ဓာတ်ပုံ မှတ်တမ်း ရိုက်ယူ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂြိုဟ်တုအား နာဆာမှ အင်္ဂါဂြိုဟ်ပေါ်၌ ရေရှိ မရှိ ရှာဖွေရန် လွှတ်တင် ထားခြင်းဖြစ်ပြီး ၄င်းဂြိုဟ်တုမှာ အင်္ဂါဂြိုဟ်၏ အေးခဲသော အစိတ်အပိုင်း များအား အဓိက ထားကာ စောင့်ကြည့် လေ့လာခြင်း ဖြစ်သည်။

အင်္ဂါဂြိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း များစွာကပင် ကမ္ဘာကဲ့သို့ ရာသီဥတု အကြီးစား ပြောင်းလဲမှုများ ဖြစ်ပေါ် ခဲ့ဖူးသော အထောက် အထားများ တွေ့ရှိ ခဲ့ဖူးသည်။

tomorrow ဂျာနယ်

Originally published at - http://tomorrow.com.mm/?q=articles/2604

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...