
အသက်၂၇နှစ် အရွယ် အမျိုးသား တစ်ဦးနဲ့ အသက်၂၁နှစ် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးကို လူကြီးတွေက ပေးစား ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအမျိုးသားရဲ့ အွန်လိုင်းပေါ်က စကား တစ်ခွန်းဟာ တရားဝင်ရဲ့လား ဆိုတာကို မေးခွန်းထုတ် လာကြ ပါတယ်။
အိမ်ထောင်ကျပြီး ၃ပတ် အကြာမှာ အမျိုးသားဖြစ်သူဟာ WhatsApp ပေါ်ကနေ သူ့ရဲ့ဇနီးသည်ကို ပန်းသီး တစ်လုံးနဲ့ ခိုင်းနှိုင်းပြီး ကွာရှင်း ခဲ့ပါတယ်။ သူဟာ အသက် ၂၁နှစ်ကောင်မလေးနဲ့ အိမ်ထောင်ကျ ခဲ့ပေမဲ့ မပျော်ရွှင် ခဲ့ပါဘူး။ ဒါ့ကြောင့် “မင်းက ပန်းသီး တစ်လုံးလိုပဲ၊ ဒီပန်းသီးရဲ့ အရသာကို ငါမြည်းစမ်းပြီးသွားပြီ။ ဒါ့ကြောင့် ငါနင့်ကို နောက်ထပ် အလိုမရှိတော့ဘူး။” လို့ သူက မက်ဆေ့ဂ်ျပေးပို့ခဲ့ပါတယ်။
လက်ထပ်ဖို့အတွက် မိန်းကလေးရဲ့မိခင်က သူ့ကို အိန္ဒိယရူပီး ၁၀နဲ့ ရွှေဒင်္ဂါး ၈၀ ပေးခဲ့ရပါတယ်။ ဇနီးသည်ဟာ သွားဆေးကောလိပ်ကနေ ထွက်လာပြီးတဲ့နောက်မှာ အမျိုးသမီးများကော်မရှင်ကို သွားရောက်တိုင်တန်းခဲ့ပါတယ်။ အမျိုးသားဖြစ်သူကို အရင်ဆုံးရှာရမယ်လို့ ကော်မရှင်က အမိန့်ထုတ်လိုက်ကြောင်း အိန္ဒိယတိုင်းမ်စ် သတင်းစာကနေ ထုတ်ပြန်ပါတယ်။
အစ္စလာမ်ဥပဒေအရဆိုရင် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို “ထာလာ့ခ်” လို့ပြောရင် ကွာရှင်းမှုအထမြောက်ပါတယ်။ နှုတ်နဲ့ပြောရတာဖြစ်ပေမဲ့ Skype, sms, email နဲ့ WhatsApp တို့ကနေတဆင့် ပို့တာတွေဟာ အိန္ဒိယပြည်နယ် ၁၀ခုမှာ လုပ်ဆောင်လာကြတယ်လို့ သိရပါတယ်။ အမျိုးသမီးတွေအတွက်တော့ စိုးရိမ်စရာတစ်ရပ် ဖြစ်လို့လာပါတယ်။
“ဒီလိုမျိုး လုပ်နိုင်တယ်လို့တော့ ကျွန်မ မထင်ဘူး။ ကော်မရှင်ကနေ ကောင်မလေးနဲ့ သူ့အမေအတွက်ကို ဥပဒေကြောင်းအရ ကာကွယ်မှုတွေ ပေးသင့်ပါတယ်။” လို့ ပြည်နယ်အမျိုးသမီးကော်မရှင် ဥက္ကဌဟောင်း B Sugathakumari ကနေပြောသွားပါတယ်။
ဒါပေမဲ့ WhatsApp ကနေတဆင့် “ထာလာ့ခ်” ပြောတာဟာ မှန်ကန်ကြောင်း အစ္စလာမ်ပညာရှင်အချို့က ယူဆကြပါတယ်။
“ခင်ပွန်းဖြစ်သူ ကိုယ်တိုင်လာပါက၊ ကွာရှင်းမှုဟာ တရားဝင်မယ်။” လို့တော့ ပြည်နယ်ဥက္ကဌ Attakoya Thangal ကပြောသွားခဲ့ပါတယ်။
Original link - http://knowledge.thithtoolwin.com/2015/10/whatsapp.html






No comments: