အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

သင့်ကိုသွေးတက်သွားစေမယ့် ကိုယ့်ကိုယ်ကို ရိုက်နှက်ခြင်း အထူးအဆန်း ဘာသာရေးပွဲ




လူတစ်ယောက်ဟာ ကိုယ့်ခေါင်းကို ကိုယ် ဆူးတုတ်နဲ့ ရိုက်နှက်လျှက် ရှိပြီး သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ ကျဆင်း နေပါတယ်။ ကိုယ့်ကိုယ်ကို ရိုက်နှက်ခြင်း ဘာသာရေး ပွဲပါတဲ့။ မြင်ရသူတွေ အဖို့ သွေးတက် သွားစေမှာ သေချာ ပါတယ်။

ဘောင်းဘီနဲ့ ရှေ့ဖုံး ခါးစည်းကိုသာ ၀တ်ဆင် ထားတဲ့ ထိန်းချုပ်မှုမဲ့ လူသားဟာ လူသွား လမ်းပေါ်မှာ ကိုယ့်ကိုယ်ကို ရိုက်နေရင်း၊ ကနေရင်း ကြည့်ရှု သူများရဲ့ အာရုံစိုက်မှုကို ရရှိနေ ပါတယ်။ လူအုပ်ကြီး ကလည်း ဓမ္မတေးကို သံပြိုင် ရွတ်ဆိုလို့ နေပါတယ်။ ဘာသာရေး ပွဲကို ထပ်ဆက်ဖို့ နောက်ထပ် လူတစ်ယောက်လည်း ရောက်ရှိလို့ လာပြန်ပါတယ်။

ဒီလို ကိုယ့်ကိုယ်ကို အသား နာကျင်အောင် အပြစ်ပေး တာမျိုးဟာ ခရစ်ယာန် သမိုင်းကနေ လာတာပါ။ အထူး သဖြင့် ကတ်သလစ် ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင် ကျောင်းတွေမှာ ပြုလုပ် ကြပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_42.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...