အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

မျက်စဉ်းဆေး နဲ့ စူပါဂလူး မှားထည့်မိလို့ မျက်လုံးတစ်ဖက် ပိတ်သွားခဲ့ရတဲ့ အမျိုးသမီး




အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ မျက်စဉ်းဆေး တွေကိုထဲကို စူပါဂလူး ကော်တွေ မှားထည့်ခဲ့ မိပြီးတဲ့နောက်မှာ သူမရဲ့ မျက်လုံးတွေကို ပိတ်သွား ခဲ့ရပါတယ်။

ဖလောရီဒါ ပြည်နယ် မှာ နေထိုင်သူ ကလေး၂ ယောက်ရဲ့ မိခင် ဖြစ်တဲ့ Katherine Gaydos ဟာ အမျိုးသား တစ်ယောက်က သူမရဲ့ မျက်လုံးတွေ ထဲကို မျက်စဉ်းခတ် တဲ့ ကိရိယာ နဲ့ စူပါဂလူးတွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။

သူမက ထို အမျိုးသားကို အိမ်ထဲသွားပြီး သူမရဲ့ လက်ကိုင် အိတ်ထဲက မျက်စဉ်းခတ်တဲ့ ဆေးဘူး ယူခိုင်းလိုက် ရာမှာ ထိုအမျိုးသားက မှားယွင်းပြီးသူမ လက်သည်း အတုတပ်ရင် အသုံးပြုတဲ့ စူပါဂလူး ဘူးကို ယူဆောင် လာခဲ့မိတာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ထိုအမျိုးသား ကပဲ သူမရဲ့ မျက်လုံးတွေထဲကို စေးကပ်တဲ့ အရာတွေ ထည့်ပေး လိုက်တာ ဖြစ်ပါတယ်။

"ကျွန်မ မျက်လုံးကို ထဲကို တစ်ခုခုဝင်သွားလို့ ကျွန်မ ပိုက်ဆံအိတ် ထဲက မျက်စဉ်းဘူး ယူခိုင်းလိုက်တာ စူပါဂလူးနဲ့ မှားပြီး ယူလာတာပါ။ ခဏနေတော့ ကျွန်မ မျက်လုံးထဲမှာ ပူလောင်မှု ဒဏ်ကို ခံစားလိုက် ရပြီး မျက်လုံးကို ပိတ်ပြီး "911 ကိုဖုန်းဆက်ပေးပါ" လို့ အော်ဟစ် ခဲ့ရပါတယ်။" လို့ Gaydos က WPBF ဆိုတဲ့ ပြည်တွင်း သတင်းဌာနကို ပြောပြ ခဲ့ပါတယ်။

ပထမကတော့ Gaydos ဟာ သူမမှာ အာမခံ ထားရှိ ထားခြင်း မရှိတာကြောင့် ဆရာဝန် ကုန်ကျ စရိတ်တွေကို မပေးနိုင် ခဲ့ပါဘူး။ သူမဟာ ၉ ရက်ခန့် မျက်လုံး တစ်ဖက်ပိတ်ပြီး နေခဲ့ ရပါတယ်။ ဒါပေမယ့် သူမရဲ့ ဇာတ်လမ်း ကို တီဗွီမှာ ထုတ်လွှင့်ပြသပြီးနောက်မှာတော့ သူမကို ဆရာဝန်တစ်ယောက်က သူမရဲ့ မျက်လုံးတွေ ပြန်ဖွင့်နိုင်အောင်လုပ်ပေး ခဲ့ပါတယ်။ အခုထိတော့ သူမရဲ့ မျက်ကြည်လွှာမှာ စူပါဂလူးတွေ ကပ်နေသေးတဲ့ အတွက် သူမဟာ အမြင် အာရုံပြန် မရသေးပါဘူး။

"ဆရာဝန်ပြောတာတော့ ကျွန်မ အမြင်အာရုံ ပြန်ရမှာပါ။ သေရာပါ ဒဏ်ရာတော့ မဖြစ်ခဲ့ပါဘူး" လို့ သူမက ဆိုပါတယ်။ ထို အမြင်အာရုံ ပြန်ရစေမယ့် ကုသမှု အတွက်တော့ သူမအနေနဲ့ ငွေကြေး တစ်ပြားမှ ကုန်ကျ စရာမလိုပဲ ထိုဆရာဝန်က အကုန်ကျ ခံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_99.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...