အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

အကောင်းမြင်စိတ် အပြည့်ရှိတဲ့ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး




Lizzie Velasquez ဆိုသူ အမျိုးသမီးဟာ ရှားပါး ရောဂါ တစ်မျိုးနဲ့ မွေးဖွား လာခဲ့သူ ဖြစ်ပြီး ထို ရောဂါ ကြောင့် သူမဟာ မျက်လုံး တစ်ဖက် ကန်းသွားကာ သူမကို ကိုယ်အလေးချိန် မတက် လာစေတော့ပဲ ဖြစ်စေ ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဂန္တ၀င်တွင်မယ့် လုပ်ရပ်တွေ ကိုတော့ လုပ်ဆောင် ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အသက် ၂၆ နှစ်အရွယ် Lizzie ဟာ YouTube ပေါ်မှာ လူလေးသန်း ကြည့်ရှုခဲ့တဲ့ သူမအကြောင်း ဗီဒီယိုကို တွေ့လိုက် ရပါတယ်။ အဲဒီဗီဒီယို ရဲ့ ခေါင်းစဉ်နာမည်ကတော့ "ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး" ပါ။

ပိုဆိုးတာက ထို ဗီဒီယိုမှာ ကွန်မန့်ပေး သွားကြတဲ့ သူတွေပါ။ လူသားချင်း စာနာမှု ကင်းမဲ့စွာ ပြောဆို ခဲ့ကြတဲ့ အထဲမှာ တစ်ယောက်က ဆိုရင် "မင်းလူတိုင်းကို ကူညီပေးတဲ့ အနေနဲ့ မင်းကိုယ်မင်း သတ်သေပေးပါလား" ဆိုတာမျိုးတွေလည်း ပါဝင်နေ ပါတယ်။

"ထောင်ပေါင်းများစွာသော ကြောက်စရာ ကောင်းတဲ့ ကွန်မန့်တွေကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မမရှိရင် ကမ္ဘာကြီးက ပိုကောင်းသွား မယ်လို့လည်း တွေးမိ လာတယ်။ ကျွန်မဖတ် လိုက်ရတဲ့ ကွန်မန့်တိုင်းဟာ တစ်ယောက်ယောက် ကွန်ပျူတာ စခရင်က တစ်ဆင့် လက်သီးနဲ့ ကျွန်မကို ထိုးလိုက် သလို ခံစားရပါတယ်" လို့ Lizzie က Fox သတင်းဌာနကို ပြောပြ ခဲ့ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ် Lizzie ဟာ ထို အမုန်းတရားတွေ အားလုံးကို အကောင်းမြင် စိတ်အဖြစ်ပြောင်းလဲ ခဲ့ပါတယ်။

"ကျွန်မ အမြဲတမ်း သိနေခဲ့တဲ့ လူတွေကို ကျွန်မ ပြသ ချင်တာကတော့ သူတို့ဟာ ကျွန်မကို အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ ကျွန်မအတွက် အမှန်တရား ဖြစ်လာအောင် သူတို့ ဖန်တီးထား တာကို ကျွန်မ ရဲ့ အဓိပ္ပာယ် အဖြစ် မသတ်မှတ် ချင်ပါဘူး" လို့ Lizzie က ဆိုပါတယ်။

အခုတော့ သူမဟာ ကမ္ဘာတစ်ဝှမ်း လုံးကို ခရီးထွက်ပြီး ကလေးတွေ အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်ပြီး မိန့်ခွန်းတွေ လိုက်လံ ပြောနေသလို "A Brave Heart: The Lizzie Velasquez story" ဆိုတဲ့ မှတ်တမ်း ရုပ်ရှင် တစ်ခုကိုလည်း ထုတ်လုပ်ဖို့ ရှိနေပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_12.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...