အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 19, 2015

တက္ကဆက် ပြည်နယ် ရဲတပ်ဖွဲ့က Star Wars ရုပ်ရှင်သစ် ထွက်ရှိမှု ကို ဂုဏ်ပြု




တက္ကဆက် ပြည်နယ် ရဲ တပ်ဖွဲ့ဟာ Star Wars ရုပ်ရှင် သစ်ထွက်ရှိမှု ကို ဂုဏ်ပြုတဲ့အနေနဲ့ Star Wars ထဲက ဇာတ်ကောင်တွေ အတိုင်း ၀တ်ဆင် ပြီး ဗီဒီယို ရိုက်ကူး ခဲ့ကြပါတယ်။

Fulshear မြို့ နယ် ရဲစခန်းက Facebook မှာ တင်ထားတဲ့ ဗီဒီယို မှာတော့ သူတို့ ဌာန အနေနဲ့ ရဲ ကားတစ်စီး ဘယ်လို ဆုံးရှုံး ခဲ့တယ်ဆိုတာကို ပါ ရှင်းလင်း ဖော်ပြ ထားပါတယ်။

ထိုဗီဒီယိုထဲမှာ ပြသထား တာကတော့ ရဲအရာရှိ တစ်ယောက်ဟာ SUV ကားတစ်စီးကို ရပ်နားခိုင်း လိုက်ပြီး ဒရိုင်ဘာ ကို ကားထဲက ထွက်လာခိုင်းလိုက်ပါတယ်။

ကားထဲက ထွက်လာတဲ့ ဒရိုင်ဘာကတော့ Star Wars ထဲက ဇာတ်ကောင် Chewbacca ဖြစ်ပြီး Han Solo ကတော့ ခရီးသည် ထိုင်ခုံကနေ ဆင်းလာ ခဲ့ပြန်ပါတယ်။

Captain Solo က သူတို့ဟာ Star Wars: The Force Awakens ရုပ်ရှင် မိတ်ဆက်ပွဲကို ဖိတ်ကြားခံရတဲ့ အထူး ဧည့်သည်တွေ ဖြစ်တယ်လို့ ပြောနေစဉ်မှာပဲ ကားနောက်ခန်းထဲက Sith Lords တွေဖြစ်ကြတဲ့ Darth Vader နဲ့ Darth Maul တို့က ဆင်းလာ ခဲ့ပါတယ်။

အဲဒီနောက် ရဲအရာရှိက သူဟာလည်း Force ရဲ့  တစ်စိတ် တစ်ပိုင်းဖြစ်တဲ့ အတွက် သူ့ကိုပါ ရုပ်ရှင် မိတ်ဆက်ပွဲကို ခေါ်သွားဖို့ တောင်းဆို လိုက်ပါတယ်။ အဲဒီနောက် ရဲအရာရှိလည်း Star Wars အဖွဲ့ နဲ့အတူ လိုက်ပါသွားပြီး သူ့ရဲ့ ရဲကားကို နောက်မှာ ချန်ထား ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူ့ရဲ့  ရဲကားကို တစ်စုံ တစ်ယောက်က ခိုးယူ သွားတာတွေ့ လိုက်ရပါတယ်။

Fulshear မြို့ ရဲစခန်းကတော့ Star Wars ဇာတ်လမ်းထွက်ရှိမှု ကို အောက်မှာ တင်ထားတဲ့ ဗီဒီယို အတိုင်း ဂုဏ်ပြု လိုက်ပါပြီ။


Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/star-wars.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...