
လန်ဒန်မြို့ ဟယ်ရိုး မြို့မှာ နေထိုင်တဲ့ အသက် ၃၀ နှစ် အရွယ် Samantha Archer ဟာ ခရမ်းချဉ်သီး အချဉ်ရည် များကို စွဲလန်း နှစ်ချိုက်မှု လွန်ကဲပြီး သူမ ၅ နှစ် သမီး အရွယ် ကတည်းက တစ်ပတ်ကို ၂ ပုလင်းခန့် သောက်သုံး ခဲ့တယ်လို့ သိရပါတယ်။
တစ်ပုလင်းဆိုတာဟာ ၇၀၀ ဂရမ် ပမာဏရှိပြီး တစ်နှစ်ကို ၃၆ လီတာခန့်အထိ သူမဟာ ခရမ်းချဉ်သီး အချဉ်ရည်တွေကို သောက်သုံးနေပါတယ်။ သူမဟာ အစာစားခါနီးတိုင်း ခရမ်းချဉ်သီး အချဉ်ရည် တွေ စားသုံးဖို့ ၅ မိနစ် ခန့် အချိန်ယူလေ့ရှိပြီး ပေါင်မုန့်၊ ချိစ် ၊ ကြက်ဥ နဲ့ ဟင်းပွဲတွေတိုင်းမှာ ခရမ်းချဉ်သီး အချဉ်ရည်တွေ ထည့်လေ့ရှိတယ်လို့လည်းသိရပါတယ်။
သူမရဲ့ မိသားစုကလည်း သူမရဲ့အကြောင်းကိုသိရှိပြီးဖြစ်တဲ့အတွက် ခရမ်းချဉ်သီး အချဉ်ရည် တစ်ပုလင်းကို သူမအတွက် အမြဲတမ်းဆောင်ထားလေ့ရှိတယ်လို့ သူမကဆိုပါတယ်။
သူမရဲ့ သူငယ်ချင်းတွေကလည်း သူမအကြိုက်ကို သိရှိပြီးဖြစ်တဲ့အတွက် သူမအတွက် အခက် အခဲမ ရှိပေ မယ့် လည်း သူမ အိမ်ထောင်ပြုတဲ့အခါမှာတော့ သူမရဲ့ အိမ်ထောင်ဖက်ကို ကြိုတင် အသိပေးထားရန်လိုအပ် လိမ့်မယ်လို့ သူမကိုသူမ ပြန်လည်သုံးသပ်ပြောဆိုခဲ့ပါသေးတယ်။
Ref : Guiness
Originally published at - http://knowledge.thithtoolwin.com/2016/06/blog-post_26.html

No comments: