အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 2, 2015

စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီကျော် လမ်းလျှောက်နိုင် ခဲ့သည့် တရုတ်စက်ရုပ် ဂင်းနစ် မှတ်တမ်းတွင် စံချိန် သစ်တင်




ချုံကျင်း ၊ ၂-၁၁-၂၀၁၅

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းရှိ ချုံကျင်းမြို့မှ ခြေလေးချောင်းပါ စက်ရုပ်သည် စွမ်းအင် အနည်းဆုံး အသုံးပြုကာ ၅၄ နာရီ ကျော်ကြာအောင် လမ်းလျှောက်ပြ နိုင်ခဲ့သည့် အတွက် ယခုအခါ ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Xingzhe No-1 ဟု အမည်ပေး ထားသည့် အဆိုပါ စက်ရုပ်ကို တရုတ်နိုင်ငံ ချုံကျင်း တက္ကသိုလ် လက်အောက်ရှိ စက်ကိရိယာများ ဆိုင်ရာ ကောလိပ်မှ ပါမောက္ခ လီကျင်ဒူး က တီထွင် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စက်ရုပ်သည် စွမ်းအင် သုည ဒသမ ၈ ကီလိုဝပ် အသုံးပြုကာ ၁၃၄ ဒသမ ဝ၃ ကီလိုမီတာ ကို ခြေလှမ်းပေါင်း ၃၄ဝဝဝဝ ဖြင့် ၅၄ နာရီကြာ အောင် လျှောက်နိုင် ခဲ့ခြင်းကြောင့် ဂင်းနစ် မှတ်တမ်းတွင် စံချိန်သစ်တင် နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခင် ဂင်းနစ် မှတ်တမ်းတွင် စံချိန်တင် ထားသည့် စက်ရုပ်မှာ အမေရိကန် နိုင်ငံ ကော်နဲလ် တက္ကသိုလ်မှ တီထွင် ထုတ်လုပ်သည့် ရိန်းဂျား အမည်ရှိ ခြေလေးချောင်းပါ စက်ရုပ်ဖြစ်ပြီး ယင်းသည် နာရီပေါင်း ၃ဝ အတွင်း အကွာအဝေး ၆၅ ကီလိုမီတာ ကို စွမ်းအင် သုည ဒသမ ၅ ကီလိုဝပ် အသုံးပြုကာ လျှောက်လှမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အနာဂတ် တွင် အဆိုပါ စက်ရုပ်များကို အန္တရာယ်ရှိသော နေရာများနှင့် လူသားများ လုပ်ဆောင်ရန် လက်လှမ်းမမီ နိုင်သော နေရာများတွင် တာဝန်ပေး စေခိုင်းနိုင် သည်အထိ တိုးတက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း လီကျင်ဒူး က ပြောကြား ထားသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/11/blog-post_4.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...