
အသက် ၂၅ နှစ် အရွယ် အမျိုးသမီး လျူတန်ကို တရုတ် နိုင်ငံရဲ့ အပျော့ပျောင်းဆုံး အမျိုးသမီး အဖြစ် လူတွေက ချီးကျူး နေပါတယ်။
ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက် ကွေးညွှတ် လိမ်ယှက် တတ်တဲ့ ဘုရင်မ အဖြစ် တချို့က တင်စား နေပြီး သူရဲ့ ခန္ဓာကိုယ်ကို ကွေးညွှတ် လိမ်ယှက် ထားတဲ့ ဓာတ်ပုံတွေက သက်သေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၂ ရက်က သူရဲ့ သိမ်းဆည်း ထားတဲ့ ဓာတ်ပုံတွေကို ချိုင်းနား နယူးဆားဗေ့က စုဆောင်း ဖော်ပြ ပါတယ်။
ဓာတ်ပုံတွေ မှာတော့ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး ခြေထောက်နဲ့ စာအုပ်ကို ယူတာ၊ ကော်ဖီခွက်ကို မပြတာ စတဲ့ ပုံတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

လျူဟာ အသက် ၈ နှစ်အရွယ် ကတည်းက ခန္ဓာကိုယ်ကို ကွေးညွတ်နိုင်အောင် လေ့ကျင် ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ စံချိန်မှာလည်း မှတ်တမ်းတင် ထားပါတယ်။
အရင်နှစ် ဧပြီလက ၈၅ စင်တီမီတာ ရှိတဲ့ ၀ိုင်ခွက်ကို ခန္ဓာကိုယ် ကွေးညွှတ်ပြီး မပြခဲ့ကာ ဂင်းနစ်စံချိန်မှာ မှတ်တမ်း တင်ခဲ့ပါတယ်။
ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160473

No comments: