အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 5, 2016

၉၆ နှစ်တွင် ဘွဲ့ရရှိခဲ့သည့် ဂျပန်အဘိုးအို ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ အဖြစ် ဂင်းနစ် မှတ်တမ်းတင်




တိုကျို ၊ ၅-၆-၂၀၁၆

ဂျပန်နိုင်ငံမှ အသက် ၉၆ နှစ်အရွယ်ရှိ ပင်စင်စား အမျိုးသားကြီး တစ်ဦးသည် ကျိုတို အနုပညာနှင့် ဒီဇိုင်း တက္ကသိုလ် မှ ကြွေထည် လက်မှုပညာ ဘာသာ ရပ်ဖြင့် ဝိဇ္ဇာဘွဲ့ ရရှိခဲ့ပြီး ကမ္ဘာ့ အသက် အကြီးဆုံး ဘွဲ့ရ တစ်ဦး အဖြစ် ဂင်းနစ် မှတ်တမ်းတင် ခံရကြောင်း သိရသည်။

ရှီဂေမီဟီရာတာ အမည်ရှိ အဆိုပါ အမျိုးသားသည် ဇွန် ၃ ရက်က ဂင်းနစ်မှတ်တမ်း လက်မှတ်ကို လက်ခံ ရယူခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနမှ ဇွန် ၄ ရက်တွင် ဖော်ပြခဲ့သည်။

ဟီရာတာ သည် ဂျာမနီနှင့် ၄င်း၏ မဟာမိတ် နိုင်ငံများ သဘောတူ စာချုပ် ချုပ်ဆိုသည့် ၁၉၁၉ ခုနှစ်တွင် ဟီရိုရှီးမားမြို့ ၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။ တက္ကသိုလ် တက်စဉ် ကာလ တစ်လျှောက်လုံး ၌ ရင်းနှီးသူများ သာမက မရင်းနှီးသော ကျောင်းသား၊ ကျောင်းသူ များကပါ မိမိကိုတွေ့လျှင် နှုတ်ဆက် ကြကြောင်း၊ လူတိုင်းက ခင်မင်နှစ်လို သောကြောင့် မိမိအတွက် ခွန်အားဖြစ်စေ ခဲ့ကြောင်း ၄င်းက ယိုမီအူရီ သတင်းစာသို့ ပြောကြား ခဲ့သည်။

ထို့ပြင် မိမိ၏ ရည်မှန်းချက်မှာ အသက် ၁ဝဝ ပြည့်သည်အထိ ကျန်းမာစွာ အသက်ရှင် နေထိုင်ရန် ဖြစ်ကြောင်း ဟီရာတာ က ထပ်လောင်း ပြောကြား သည်။ ဟီရာတာသည် ဒုတိယ ကမ္ဘာစစ် အတွင်းက ရေတပ်တွင် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၄င်း၌ မြစ်လေးဦး ရှိကြောင်း သိရသည်။ ဟီရာတာ က ၄င်း၏ အသက်အရွယ် နှင့် ပညာရပ် တစ်ခုခုကို လေ့လာခွင့် ရသည့်အတွက် ဝမ်းသာ ပျော်ရွှင်မိကြောင်း ဆက်လက် ပြောကြားသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_26.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...