
အေသင် ၊ ၅-၆-၂၀၁၆
ပင်လယ် ရေအောက်တွင် စက်ဝိုင်းပုံ ကျောက်တိုင်များနှင့် လမ်းခင်း ထားသော ကြမ်းပြင်များ ကို ရေငုပ်သမား များက တွေ့ရှိ ခဲ့ပြီးနောက် ၄င်းနေရာသည် ဂရိနိုင်ငံ Zakynthos ကျွန်းရှိ ပျောက်ဆုံး သွားသော မြို့တစ်မြို့ ဖြစ်နိုင်ကြောင်း ယူဆချက်ကို သိပ္ပံပညာရှင် များက ငြင်းဆို လိုက်ပြီး ၄င်းသည် သဘာဝ အလျောက် ဖြစ်ပေါ်နေသည့် ဘူမိဗေဒ ဆိုင်ရာ အံ့ဖွယ် နေရာ တစ်ခုသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။

ရေအောက်အတွင်း ပျောက်ဆုံး နေသည့် မြို့တော် တစ်ခုဟု ယူဆထားသည့် အဆိုပါ နေရာသည် လွန်ခဲ့သော နှစ်သန်းပေါင်း ငါးသန်းနီးပါး ခန့်က သဘာဝ အလျောက် ဖြစ်ပေါ် လာသည့် ဘူမိဗေဒ ဆိုင်ရာ အံ့ဖွယ်နေရာ တစ်ခုသာ ဖြစ်ကြောင်း သိပ္ပံပညာရှင် များ၏ ယူဆချက်ကို Marine and Petroleum Geology ဂျာနယ်၌ ဖော်ပြထားသည်။
ကမ္ဘာလှည့် ခရီးသွားများနှင့် ရေငုပ်သမား များက ပင်လယ် ကြမ်းပြင်တွင် တွေ့ရှိခဲ့သော အရာများမှာ ရှေးဟောင်း သုတေသန ဆိုင်ရာ အကြွင်းအကျန် များဖြစ်သည် ဟု ယူဆ ခဲ့ကြ သော်လည်း ယင်းအချက်ကို ခိုင်မာစေသည့် အထောက်အထား များကို မတွေ့ရကြောင်း အရှေ့ အန်ဂလီယာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံတက္ကသိုလ်မှ ပါမောက္ခ ဂျူလီယန်း အန်ဒရူး က ပြောကြား ခဲ့သည်။
by ပြည်ချစ်သား
Originally published at - http://www.pyichitthar.com/2016/06/blog-post_8.html






No comments: