အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 18, 2016

ကမ္ဘာ့စံချိန် တင်လိုက်ကြသည့် လူပုလေး စုံတွဲ မင်္ဂလာဆောင်




ဘရာဇီး နိုင်ငံမှ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ တတွဲဟာ ကမ္ဘာ့ အသေးငယ်ဆုံး လက်ထပ် ကြတဲ့ စုံတွဲအဖြစ် ဂင်းနက်စ် ကမ္ဘာ့စံချိန် တင်နိုင် ခဲ့ပြီး ခုသီတင်း ပတ်ထဲမှာ ဆုလက်ခံ ရယူဖို့ လန်ဒန်ကို သွားရောက် ကြမှာ ဖြစ်ပါတယ်။

သတို့သား ဖြစ်သူ ပေါ်လိုဂါ ဘရီယယ် ဒါဆေးလ်ဗာ ဘားရော့စ်ဟာ အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး အရပ် အမြင့် ၉၀ ဒသမ ၂၈ စင်တီ မီတာ ရှိကာ သတို့ သမီးဖြစ်သူ ကတ်ယူ စီယာ လီဟိုရှီနို ကတော့ အသက် ၂၈ နှစ်နဲ့ အရပ် အမြင့် ၉၁ ဒသမ ၁၃ စင်တီမီတာ ရှိနေတာပါ။

သူတို့ ၂ ဦးဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက အင်တာနက် လူမှုကွန်ရက်စာမျက်နှာ Orkut ပေါ်မှတဆင့် ချစ်ကျွမ်းဝင် ခဲ့ကြတာလို့ ဆိုပါတယ်။

ပေါ်လိုက “ကျနော် သူ့ကိုစမြင်ကတည်းက အရမ်းလှတယ်လို့ ထင်ခဲ့မိပါတယ်” လို့ ပြောပါတယ်။

သူတို့ ၂ ယောက်ဟာ အွန်လိုင်းပေါ်မှာ နေ့စဉ်စကားပြောခဲ့ကြပြီး ၂ နှစ်အကြာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ အပြင်မှာ ချိန်းတွေ့ခဲ့ကြပါတယ်။

သူတို့ဟာ အဲဒီအချိန်တွေတည်းက ခုချိန်ထိ ခိုင်မာတဲ့ ကာလရှည်ကြာဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

ပေါ်လိုကတော့ အစိုးရ၀န်ထမ်းတဦးဖြစ်ပြီး ကတ်ယူစီယာကတော့ အလှပြင်ဆိုင် ပိုင်ရှင်တဦး ဖြစ်ပါတယ်။

ဒီကနေ့လက်ထပ်လိုက်တဲ့ အခမ်းအနားမှာတော့ ပေါ်လိုက “ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်းမှာ တစိတ်တပိုင်း အနေနဲ့ ပါဝင်ခွင့် ရတာကို ကျနော်တို့ ကျေနပ်ပျော်ရွှင် မိပါတယ်။

ရုပ်ဝတ္ထု သွင်ပြင်ဆိုင်ရာ ကွဲပြားမှုတွေ ဘယ်လို ရှိပါစေ၊ တကမ္ဘာလုံး လူတွေဟာ မျှတတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံ ကြလိမ့် မယ်လို့ နားလည် ထားပါတယ်” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/176496

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...