အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 18, 2016

ချစ်ခင်မြတ်နိုးသူ တစ်ယောက် သေဆုံးရင် လက်တစ်ချောင်း ဖြတ်ပစ်လေ့ရှိတဲ့ မျိုးနွယ်စု




အင်ဒိုနီးရှားနိုင်ငံ နယူးဂီနီယာ အနောက်ပိုင်းမှာ နေထိုင်တဲ့ ကမ္ဘာကျော် Dani လူရိုင်း မျိုးနွယ်စု အကြောင်းကို Shwemom က သုံးလေး ချိန်လောက် ဖော်ပြ ခဲ့ဖူး ပါတယ်။

သူတို့ တစ်တွေရဲ့ ဓလေ့ ထုံးတမ်းတွေ အကြောင်းနဲ့ ၀တ်စား ဆင်ယင်မှုတွေ အကြောင်းကို သိတန် သလောက် သိပြီး aလာက်ပါပြီ။

Dani မျိုးနွယ်စုဟာ ရေးအစဉ် အလာ အတိုင်း သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းတွေကို ခေတ် အဆက်ဆက် ကျင့်သုံး လာခဲ့တဲ့၊ ကမ္ဘာပေါ်မှာ တစ်စုတည်း ကျန်တော့ တယ်လို့ ယူဆ လို့ရတဲ့ မျိုးနွယ်စု တစ်ခု ဖြစ်ပါတယ်။

သူတို့ဆီမှာ ထူးဆန်းတဲ့ အလေအထတွေကဖြင့် ကမ္ဘာလှည့်ခရီးသည်တွေ တစ်ခါ သွားလေ့လာတိုင်း သူတို့အကြောင်း ပြောစရာတစ်ခုတော့ ပါလာတတ်စမြဲပါဘဲ။

အခုလည်း အဲဒီ Dani မျိုးနွယ်စုတွေဟာ သူတို့ ဆွေမျိုး မိတ်ဆွေတွေ ထဲက အကြီး အကဲ၊ သို့မဟုတ် လင်ယောက်ျား၊ သားသမီး စတဲ့ သူတို့ သိပ်ကို ချစ်မြတ်နိုးရတဲ့ လူတစ်ယောက် ကွယ်လွန်ရင် အဲဒီ ကွယ်လွန် သူနဲ့ ပတ်သက်တဲ့ အမျိုးသမီး aတွက လက်ချောင်း တစ်ချောင်းကို ဖြတ်ပစ်လေ့ ရှိပါတယ်။

လက်ချောင်း တစ်ချောင်း ဆိုတာထက် လက်ချောင်းရဲ့ အပေါ်ဆုံး လက်စစ်ကို ဖြတ်ပစ် တာလို့ သိရ ပါတယ်။

ဒါက သေဆုံးသူကို သူရဲ့ သွေးလွှမ်းတဲ့ လက်တစ်ချောင်းနဲ့ အတူ နောက်ဆုံး ဂုဏ်ပြုခြင်း jဖစ်တယ်လို့ သိရ ပါတယ်။ အမျိုးသမီး aတွသာ လက်ညှိုးဖြတ်ပြီး ဂုဏ်ပြု ကြကြောင်း ဒီသတင်းကို သွားရောက် ရယူခဲ့တဲ့ Teh Han (စင်္ကာပူ) က ပြောပြ ပါတယ်။

Han က ” ကျွန်တော်က ဒီအယူ အဆကို သိပ်ကို ရက်စက် လွန်းပြီး၊ လူသား မဆန်တဲ့ အပြု အမူလို့ မြင်ပါတယ် …

ဒါပေမယ့် သူတို့ အတွက် ကတော့ သေဆုံးသူရဲ့ ကြီးမြတ်ခြင်းကို ဒီလောက်ကလေးနဲ့ ဂုဏ်ပြုရတာကို တင်းတိမ်တဲ့ သဘောမျိုး မရှိပါဘူး … “လို့ ပြောခဲ့ ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

Originally published at - http://www.shwemom.com/dani-tribe-where-women-cut-off-a-finger-when-a-loved-one-dies/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...