
ပြင်သစ် နိုင်ငံသား တကိုယ်တော် စတန့်သမား ရန်နစ်ခ် ဒူးပွန့်ဟာ လေးဘီး ဆိုင်ကယ် ဘီးထောင် စီးနင်းမှုမှာ အချိန် အကြာဆုံး စီးနင်းပြနိုင်သူ တဦး အဖြစ် ကမ္ဘာ့စံချိန် ချိုးခဲ့တယ်လို့ ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်း အဖွဲ့က ဧပြီ ၂၇ ရက်နေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
သူဟာ မနှစ်က ပြင်သစ်နိုင်ငံအရှေ့ပိုင်း မလူးဇ်မြို့၊ စီးတီးဒီလ် အော်တိုမိုဘိုင်း ပြတိုက်တွင်းမှာ အကွာအဝေးခရီး ၃၄ ဒသမ ၂၉ ကီလိုမီတာ (၂၁ ဒသမ ၃၀ မိုင်) ကို စံချိန်တင် စီးနင်းပြခဲ့တာပါ။
ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့အနေနဲ့ ဒီခေါင်းစဉ်အောက်မှာ ပါဝင်ယှဉ်ပြိုင်သူတွေ အနေနဲ့ စီးနင်းခွင့်ပြုတဲ့ယာဉ်ဟာ တခြားဘားတန်းနဲ့ ဘီးတွေ တွဲဆက်မထားရဘဲ သီးခြား ဘေးနှစ်ဘက် ဘီးတွေကိုထောင်ပြီး ဆိုင်ကယ်သမားရဲ့ စွမ်းရည်ပြနိုင်အောင် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ရန်နစ်ခ်ရဲ့အရင် စံချိန်တင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား ဒန်နီယယ်လ်အဒမ်စ် ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ အော့တ်ဝါပြည်နယ်မှာ အကွာအဝေး ၂၇ ဒသမ ၁၈ ကီလိုမီတာ (၁၆ ဒသမ ၈၉ မိုင်) နဲ့ စီးနင်းပြနိုင်ခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ရန်နစ်ခ်ရဲ့ ရင်သပ်ရှုမောဖွယ် စတန့်ထွင်ပြီး ဘီးထောင်စီးနင်းပြတဲ့ ပြကွက်တွေကို တွေ့နိုင်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147211






No comments: