အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 1, 2016

အမြီးမပါသည့် ကြယ်တံခွန်သစ် ထပ်တွေ့




အမြီးမပါတဲ့ ကြယ်တံခွန် အသစ်ကို နက္ခဗေဒ ပညာရှင်တွေက ထပ်မံတွေ့ရှိ ပါတယ်။

နေစကြာဝဋ္ဌာရဲ့ တည်ဆောက်ပုံနဲ့ ပြောင်းလဲမှု ဖြစ်စဉ် အတွက် သဲလွန်စ တခုလို့ ဧပြီ ၂၉ ရက်ထုတ် အဆင့်မြင့် သိပ္ပံဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသန စာတမ်းက ရေးပါတယ်။

ကြယ်တံခွန်အများစုက ရေခဲ၊ ဒါမှမဟုတ်တခြား အေးခဲတဲ့ ပစ္စည်းတွေနဲ့ ဖွဲ့စည်းထားပေမယ့် မန်ဇ်လို့ အမည်ပေးထားတဲ့ ကြယ်တံခွန်က ကျောက်အမျိုးအစားတွေနဲ့ ဖွဲ့စည်းထားပါတယ်။

ရှာဖွေရာမှာ ပါဝင်တဲ့ သိပ္ပံပညာရှင်တွေကတော့ အလားတူ ကြယ်တံခွန်နောက်ထပ် ဘယ်လောက်ရှိမလဲလို့ စူးစမ်းလေ့လာနေပါတယ်။

အသစ်တွေ့ရတဲ့ ကြယ်တံခွန်ကို ၂၀၁၄ ခုနှစ်က တယ်လီစကုတ်နဲ့ အလျင်အမြန် တုံ့ပြန်နိုင်တဲ့ စနစ်ကနေ တဆင့်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စတင်သတိထားမိစဉ်ကတည်းက အမြီးမပါတာကို သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147644

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...