အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 3, 2016

ထူးဆန်းသည့် ခေါင်း ၂ လုံးပါ ပုတ်သင်ညို အစာစားသည့် ရုပ်သံဖိုင် ရေပန်းစား




တရုတ်နိုင်ငံမှ တွားသွား သတ္တ၀ါ အရောင်းဆိုင် လုပ်ငန်းရှင် တဦးဟာ မွေးရာပါ ဦးခေါင်း ၂ လုံး ပါရှိတဲ့ ပုတ်သင်ညို အနွယ်ဝင် အိမ်မွေး ပုတ်သင်ညို တကောင်ရဲ့ အစာ စားနေတဲ့ ရုပ်သံဗွီဒီယို ဖိုင်ကို အင်တာနက်ပေါ် တင်ခဲ့ ပြီးနောက်မှာ ကြည့်ရှု သူတွေကြား ရေပန်းစား ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ မေလ ၂ ရက်နေ့က ဖော်ပြ ပါတယ်။

ဂွတ်ဒ်ရှော့ပ်-ဂျီအက်စ် အမည်ရတဲ့ တွားသွားသတ္တ၀ါရောင်းတဲ့ဆိုင် ဆိုင်ရှင်က အဲဒီ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဦးခေါင်း ၂ လုံးနဲ့ ခြေချောင်း ၆ ခုပါဝင်တဲ့ အဲဒီပုတ်သင်ညိုဟာ အစာဖြစ်တဲ့ အင်းဆက်တွေကို ပါးစပ် ၂ ခုလုံး အသုံးပြုပြီး စားသောက်နေခဲ့တာကို ထူးထူးဆန်းဆန်း တွေ့မြင်ရမှာပါ။

ဆိုင်ရှင်က အဆိုပါ အိမ်မွေးပုတ်သင်ညိုသတ္တ၀ါကို တရုတ်နိုင်ငံမှာ မနှစ်က မွေးဖွားခဲ့တာ လို့ ဆိုပါတယ်။

မကြာသေးခင်ကတော့ အဲဒီသတ္တ၀ါကို Venice Beach ထူးဆန်းထွေလာပြပွဲပိုင်ရှင် တော့ဒ်ရေးကို ရောင်းချခဲ့တယ်လို့ သူက ပြောပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/148056

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...