အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 28, 2016

ကမ္ဘာ့ အပါးလွှာဆုံး တရုတ် ကွန်ဒုံး




တရုတ်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုဟာ မကြာသေး ခင်ကမှ ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံးကို ထုတ်လုပ် ခဲ့တဲ့ အတွက် ကမ္ဘာ့ ဂင်းနက်စ် စံချိန် တင်နိုင် ခဲ့တယ်လို့ သိရ ပါတယ်။



အဆိုပါ ကမ္ဘာ့ အပါးလွှာဆုံး တရုတ်ကွန်ဒုံး ကတော့ AONI လို့ Aခ်ါတဲ့ အမှတ် တံဆိပ် ကုန်ပစ္စည်း တစ်မျိုး ဖြစ်ပြီး ယင်း ကွန်ဒုံးကို Guangzhou Daming Lianhe Rubber Products က ဖန်တီး ထုတ်လုပ် ထားတာပါ။



ကွန်ဒုံးရဲ့အထူကတော့ သုည ဒသမ ဝဝ၃၆ မီလီမီတာ ခန့်သာ ရှိပြီး လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့ အပါးလွှာဆုံး ကွန်ဒုံး အဖြစ် ဂင်းနက်စ် စံချိန် တင်ခဲ့တာ ဖြစ်တယ် လို့ People's Daily Online သတင်းဌာနက ဖော်ပြ ခဲ့ပါတယ်။



ဒါ့အပြင် ဂျပန်နိုင်ငံရှိ ကွန်ဒုံး ထုတ်လုပ်တဲ့ ကုမ္ပဏီ အိုကာမိုတိုကလည်း ကွန်ဒုံး အထူ သုည ဒသမ ဝဝ၃၈ မီလီမီတာ ခန့်ရှိတဲ့ ကွန်ဒုံးကို ထုတ်လုပ်ပြီး AONI ထက် အရင်ဆုံး စံချိန် တင်ခဲ့ဖူး ပါတယ်လို့ သိရ ပါတယ်။

Ref: Daily Mail

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...