အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, March 2, 2016

တိရိစ္ဆာန်တွေကို သဘာဝ ရုပ်ထုတွေ အဖြစ် ပြောင်းလဲလိုက်တဲ့ ရေကန်ကြီး




တန်ဇန်းနီးယားမှာ ရှိတဲ့ နေထရွန် ရေကန်ကြီးဟာ ကန်ထဲမှာ သေခဲ့ကြတဲ့ သတ္တ၀ါတွေကို ကျောက် ရုပ်ထုတွေ အဖြစ် ပြောင်းလဲ စေခဲ့ပါတယ်။ အဲဒီက ကြောက်မက်ဖွယ် မြင်ကွင်းတွေကို ဓါတ်ပုံ ဆရာ Nick Brandtက မှတ်တမ်းတင် ရိုက်ကူး ထားပါတယ်။

တန်ဖန်းနီးယား မြောက်ပိုင်း နေထရွန် ရေကန်ကြီးရဲ့အခြေ အနေက အတော်လေးကို ကြမ်းတမ်းလှ ပါတယ်။ အဲဒီ နေရာကို ရှောင်ရှား ရမယ်လို့ သတ္တ၀ါ အများစု ကတော့ သိရှိခဲ့ ပါတယ်။

ရေတိမ် ရေကန်ကြီး ဖြစ်တဲ့ နေထရွန်မှာ အပူချိန်၁၂၀ ဒီဂရီ ဖာရင်ဟိုက်ထိ မြင့်တက် ခဲ့ပြီး ဆားဓါတ် ဖွဲ့လာ တာကြောင့် သတ္တ၀ါတွေ အတွက် အဆိပ်ဖြစ် ခဲ့တာပါပဲ။

နော်တန် ရေကန်ကြီးမှာ သေကြေဖွယ် လက္ခဏာတွေ ဖြစ်နေ ခဲ့ပေမဲ့ နဂိုက ကြိုးကြာနီတွေ အတွက် ကျက်စားရာ မြေကောင်း မြေသန့်ပါပဲ။

ဆားကျွန်းတွေ ဖွဲ့လာတဲ့ အခါ၊ ကြိုးကြာနီတွေက အဲဒီ ဆားကျွန်းတွေ ပေါ်မှာ အသိုက် ဆောက်တယ်၊ ပြီးတော့ အဲဒီကန်ထဲမှာ ပေါက်တဲ့ ရေညှိုတွေကို စားသုံး ကြတယ်။

ဒီကန်ကြီးကို နေထရွန်လို့ ခေါ်ရတဲ့ အကြောင်းရင်းက ကန်ထဲမှာ နေထရွန် ဓါတ်ပေါင်းတွေ ပါလို့ပါပဲ။

နေထရွန် ဓါတ်ပေါင်း ဆိုတာကို ရှေးတုန်းက ကြွေထည် မြေထည် လုပ်တဲ့ အနှစ်ထဲမှာ ထည့်သုံး ကြတယ်။ နေထရွန် ဓါတ်ပေါင်းတွေက ဆိုဒီယမ် ကာဗွန်နိတ် တွေကို ဖြစ်စေတယ်။ ဂရိတ်ရစ်ဖ် တောင်ကြား ဒေသက လာတဲ့ မီးတောင် ချော်ရည် တွေလို မျိုးပေါ့။



အဲ့ဒီ့ကန်ထဲမှာ သေသွားတဲ့ သတ္တ၀ါတွေက ကျောက် ရုပ်ထုတွေ အဖြစ် ပြောင်းလဲ သွားပြီး တာရှည်ခံ သွားတယ်။

ဓါတ်ပုံဆရာ Nick Brandtက ဒီကြိုးကြာနီငှက်၊ လင်းနို့နဲ့ တခြား သတ္တ၀ါကောင် တွေကို ရှာဖွေ တွေ့ရှိ သွားပြီး ဓါတ်ပုံ မှတ်တမ်း တင်နိုင် ခဲ့တယ်။

“ကယ်တော့ မကယ်နိုင် ဘူးပေါ့ဗျာ။ ဓါတ်ပုံပဲ ရိုက်နိုင်ခဲ့တယ်။ သူတို့ ဘယ်လို သေခဲ့တယ် ဆိုတာ ဘယ်သူမှ တိတိ ကျကျ မသိကြဘူး။ ကန်ကြီးရဲ့ရောင်ပြန် ဟပ်မှုကို ထင်ရောင် ထင်မှားဖြစ်ပြီး ကန်ထဲ ပြုတ်ကျ ခဲ့တာဖြစ်မယ်။” လို့ ဓါတ်ပုံဆရာ Nick Brandt က ပြောခဲ့ ပါတယ်။

Ref:mnn

Originally published at - http://knowledge.thithtoolwin.com/2016/02/blog-post_40.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...