အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 3, 2016

မိသားစုရေကူးကန်တွင်း ၉ ပေအရှည်ရှိ မိကျောင်း တကောင်တွေ့ (ရုပ်သံ)




အမေရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ လိတ်ခ်လန်းဒ်မြို့မှ မိသားစု ရေကူးကန် တကန် တွင်းမှာ ၉ ပေ အရှည်ရှိတဲ့ မိကျောင်း တကောင်ကို တွေ့ရှိ ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြ ပါတယ်။

ရေကူးကန်ထဲက မိကျောင်းကို ဆွဲတင်ကာ အိမ်ရှေ့ပေါ်တီကို အောက်မှာ ထားရှိခဲ့တဲ့ ရုပ်သံ ဗွီဒီယို ဖိုင်ကို အိမ်ရှင် လော်ရာလီယာ အမည်ရတဲ့ အမျိုးသမီးက ဖောက်စ်-၁၃ ရုပ်သံ သတင်းမှာ မျှဝေ ခဲ့တာပါ။

သူ့ရဲ့ခင်ပွန်းဖြစ်သူ ခရိတ်ဂ်ျလီယာက “ကျနော် ရေကူးကန် ထဲမှာ ပူစီဖောင်းလေး တလုံးလို မြင်ခဲ့ ရတယ်။

အဲဒါနဲ့ ကျနော်က ဒါဟာ ဂေါက်သီး တလုံးဖြစ် မယ်လို့ ထင်ပြီး အဲဒီ နေရာကို သွားကြည့် ခဲ့တော့ ဂေါက်သီးကို မတွေ့ ရဘူး။

 ရေအနက် ထဲကို ကြည့် လိုက်တော့ မိကျောင်းကြီး ဖြစ်နေတာ တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။

သူတို့ဟာ မိကျောင်းကို ကန်ထဲက ဖမ်းဆီး ဖယ်ထုတ်နိုင်သူ တဦးကို ခေါ်ခဲ့ ရတယ်လို့ သတင်းမှာ ဖော်ပြ ပါတယ်။

လော်ရာလီယာက “သူ (မိကျောင်း ဖမ်းတဲ့သူ) က ကြိုးကွင်း ပစ်ပြီး ဖမ်းခဲ့ ရတာပါ။

ဒါဟာ တော်တော့ကို ကြောက်စရာ ကောင်းပါတယ်” လို့ ပြောပါတယ်။

ရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာ မိကျောင်းဟာ ရေကူးကန်ထဲမှာ ရုန်းကန် လှုပ်ရှားနေ ခဲ့ပြီး စွန့်စွန့် စားစား ဆွဲတင် ခဲ့ရတာကို တွေ့ရ ပါတယ်။


By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137978


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...