အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 3, 2016

စကျင်ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတဖန်တီးနိုင်သည့်စက် တီထွင် (ရုပ်သံ)




ဆွီဒင်နိုင်ငံသား ဂီတပညာရှင် တဦးဟာ စကျင် ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတသံ ထွက်ပေါ် လာအောင် ဖန်တီးနိုင်တဲ့ စက် တမျိုးကို တီထွင်နိုင် ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၃၃ နှစ် အရွယ် မာတင်မိုလင် အမည်ရ အဲဒီ အမျိုးသားဟာ ဂီတပညာရှင် တဦး ဖြစ်ပြီး ဒီစက်ကို တီထွင်နိုင်ဖို့ အချိန် ၁၄ လ ကြာမြင့် ခဲ့တယ်လို့ ဆိုပါတယ်။

သူတီထွင် လိုက်တဲ့ စက်ဟာ စကျင် ကျောက်ခဲတွေကို လက်နဲ့ လှည့်ပြီး ဒရမ်၊ လျှပ်စစ် ပတ္တလား၊ လင်းကွင်းတွေနဲ့ အပြန် အလှန် ထိခတ်ပြီး တော့မှ ဂီတ သံစဉ်တွေ ထွက်ပေါ် လာအောင် ဖန်တီး ထားတာပါ။

နောက်ဆုံး အပြီးသတ် တီထွင်မှု ပြီးဆုံး ချိန်မှာတော့ မိုလင်ဟာ ဒီစက်ကို ဘယ်လို အသုံးပြုပြီး ဂီတသံတွေ ထွက်ပေါ် လာအောင် ဖန်တီးထား တယ်ဆိုတာကို ပြသတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဂီတအဖွဲ့ ၀င်တာဂတန်ရဲ့ တရားဝင် စာမျက်မှ တဆင့် ယူကျု အင်တာနက် စာမျက်နှာပေါ် တင်ခဲ့တာပါ။

မိုလင်က ဒီစက်ကို တီထွင်ဖို့ အချိန် ၂ လလောက်သာ ကြာမြင့်မယ်လို့ မျှော်မှန်း ထားခဲ့ပေမယ့် မမျှော်လင့် ထားတဲ့ ပြဿနာ တချို့ကြောင့် ခုလောက်ထိ ကြာသွား ခဲ့ရတာ ဖြစ်တယ်လို့ ၀င်တာဂတန် ဂီတအဖွဲ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးခဲ့တာပါ။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137921


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...