အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 3, 2016

နှစ်ခြားပြီး မွေးဖွား လာသည့် အမြွာမောင်နှမ




အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့မှ အမြွှာ မောင်နှမဟာ နှစ်ခြားပြီးမှ မွေးဖွား လာခဲ့ တယ်လို့ ယူပီအိုင် သတင်းမှာ ဇန်န၀ါရီလ ၂ ရက်နေ့က ဖော်ပြ ပါတယ်။

သူတို့ကို ဆန်ဒီယေဂို ပါမာနန့် ဇီယွန် ဆေးကုသရေး စင်တာမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင် ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးည ၁၁ နာရီ ၅၉ မိနစ်နဲ့ ၂၀၁၆ ခုနှစ်ရဲ့ ပထမဆုံး မိနစ် ၁၂ နာရီ ၀၂ မိနစ်မှာ မွေးဖွား ခဲ့တာမို့ နှစ်ခြား သွားခဲ့တာပါ။

အဲဒီဆေးကုသရေး စင်တာမှ သူနာပြု လင်းနက်ကော့တ်ဇီက “ဒါဟာ ထူးဆန်းပြီး ကျမရဲ့ သူနာပြု သက်တမ်း ၃၄ နှစ် အတွင်းမှာ တခါမှ မကြုံဖူး ခဲ့ပါဘူး”လို့ ပြောပါတယ်။

မိခင် မာရီဘဲလ်ဗလန်စီယာဟာ မူလက ဇန်န၀ါရီလ ၆ ရက်နေ့မှာမှ ခွဲမွေးမယ်လို့ ခန့်မှန်းထားခဲ့တာပါ။

ခုချိန်မှာတော့ ဂျေလင်းနဲ့ လူးဝစ်အမည်ရတဲ့ ကလေးငယ် ၂ ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ဖခင်ဖြစ်သူက “ကျနော် ကလေးအမြွှာတွေ မွေးလာလိမ့်မယ်လို့ တကယ့်ကို မျှော်လင့်မထားခဲ့ပါဘူး။ ဒါဟာ နှစ်သစ်အတွက် မင်္ဂလာရှိတဲ့ သမီးတ ယောက်နဲ့ သားတယောက်မွေးဖွားလာတာပါပဲ”လို့ ဆိုပါတယ်။

By ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129482


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...