အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 17, 2015

စမ်းချောင်းထဲတွင် ၀က်ဝံနှင့် အတူ ပွေ့ဖက်ဆော့ကစားသူ (ရုပ်သံ)




တူရကီနိုင်ငံသား တဦးဟာ ရေတံခွန် တခုအောက်ခြေက စမ်းချောင်းထဲမှာ ၀က်ဝံ တကောင်နဲ့ အတူ ပွေ့ဖက် ရေကစားနေတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက် စာမျက်နှာပေါ်မှာ တင်ခဲ့ ပါတယ်။

ချစ်စရာကောင်းတဲ့ ၀က်ဝံတွေနဲ့ ဆော့ကစား တာဟာ မမျှော်လင့်နိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်ပေမယ့် အဲဒီ စွန့်စားရေကူး သမားကတော့ စမ်းချောင်းထဲမှာ ပျော်ရွှင်စွာ အတူကစား ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့က ဖော်ပြ ပါတယ်။

အဲဒီ ရုပ်သံဗွီဒီယိုဖိုင်မှာ စမ်းချောင်း ထဲက အမျိုးသားဟာ ၀က်ဝံကို တူရကီ ဘာသာစကားနဲ့ “လာစမ်းပါဦး၊ လာပါဦး ဖေ့သားကြီး” လို့ ခေါ်ခဲ့တာပါ။

ဝက်ဝံဟာ စမ်းချောင်းထဲကို ခုန်ဆင်း လာချိန်မှာ သူက ရေနဲ့ လှမ်းပက်ပြီး တင်းတင်း ကျပ်ကျပ် ဖက်ပွေ့ကာ ဦးခေါင်းပေါ်ကို နမ်းပြ ခဲ့ပါတယ်။

ဝက်ဝံကလည်း အဲဒီ အမျိုးသားကို မနာအောင် ဖွဖွ ငုံကိုက်ပြီး အတူ ရေကစားနေ ခဲ့တာကို အသည်းယား စဖွယ် တွေ့ရပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123001

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...