အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

မပျော်ရင် ဘာကြောင့်လဲမေးမယ့် ဒူဘိုင်းကရဲတွေ




အကယ်၍ သင်က ဒူဘိုင်းမှာ မပျော်ဘူးကွာလို့ ပြောမယ် ဆိုရင်၊ မပျော်ရတဲ့ အကြောင်းရင်းကို စစ်တမ်းသစ် တစ်ရပ် အနေနဲ့ ရဲတွေက ဖုန်းခေါ် မေးမယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် အတွက် ကမ္ဘာ့ အပျော်ဆုံး နိုင်ငံများ စာရင်းရဲ့ ထိပ်တန်း ၁၀ ခုမှာ ဝင်နိုင်ရေး အတွက် ဒူဘိုင်းနိုင်ငံဟာ ကြိုးစား နေပါတယ်။

အရမ်း ရိုးရှင်းတဲ့ စစ်တမ်း တစ်ခုပါပဲ။ စစ်တမ်းကို ဖြေတဲ့ သူတွေက အပြုံးတစ်ခု လား၊ စိတ်မဝင်စားတဲ့ မျဉ်းဖြောင့် တစ်ခုလား ရွေးပေး ရုံပါပဲ။ အကယ်၍ သင်က မပျော်ဘူး ဆိုရင် ရဲတွေက ဖုန်းခေါ်ပြီး မေးမြန်းမှာပါ။

“ပျော်ရွှင်မှုလောက : အစိုးရနဲ့ စီးပွားရေး ကြီးက ငါတို့ကို နေထိုင် ကောင်းအောင် လုပ်ပေးပုံ” ဆိုပြီး လန်ဒန် တက္ကသိုလ်မှ အကြီးတန်း နည်းပြ William Davies က ပုံနှိပ် ထုတ်ဝေခဲ့ ပါသေးတယ်။ သူအပါ အဝင် လေ့လာသူ အချို့က အဖြေဝိုင်းထုတ် ကြမှာပါ။

စစ်တမ်းကောက်တဲ့ ပထမနေ့မှာတင် လူပေါင်း ၂၀၀၀၀၀ ကျော် ပါဝင်ဖြေဆို ခဲ့ကြပြီး ၈၄ ရာခိုင်နှုန်းသော သူတွေက ပျော်ကြ ပါတယ်တဲ့။ ၆ရာခိုင်နှုန်း က ဒီအတိုင်းပဲ ဖြစ်ပြီး ၁၀ရာခိုင်နှုန်း ကတော့ မပျော် ကြဘူးလို့ သိရပါတယ်။

Ref: AP

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_30.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...