အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

၈ နှစ်အရွယ် ကလေးကို အဒေါ်ဖြစ်သူက တရားစွဲမှု ပယ်ချခံရ




အမေရိကန်မှာ တူဖြစ်သူက အဒေါ်ကို ဖမ်းနမ်း ရာကနေ နောက်ပြန် လဲကျ သွားလို့ အဒေါ်ဖြစ် သူက တရားစွဲ ဆိုခဲ့မှုကို တရားရုံးက ပယ်ချ လိုက်ပါတယ်။

၈ နှစ်မြောက် မွေးနေ့မှာ တူ ရှောင်တာရာလာက ပွေ့ဖက်ခဲ့တဲ့ အတွက် နောက်ပြန် လဲကျပြီး ခါနာ သွားလို့ အသက် ၅၄ နှစ် ဂျနီဖာကော်နယ်က ၄ နှစ် အကြာမှာ တရား စွဲဆို လိုက်တာ ဖြစ်ပြီး တရားရုံးက အောက်တိုဘာ ၁၃ ရက်က အမိန့် ချမှတ် လိုက်တာပါ။

နယူးယောက်မြို့ခံ ဂျနီဖာကော်နယ်လ်က အသက် ၁၂ နှစ် အရွယ် တူဖြစ်သူ ဆီကနေ ဒေါ်လာ ၁ သိန်း ၂ သောင်းကျော် အလျော်ပေးဖို့ တရားစွဲ ဆိုခဲ့တာ ဖြစ်ပေမယ့် တရားရုံးက ဒီအမှုကို ပယ်ချ ခဲ့ပါတယ်။

အဲဒီအချိန် တုန်းက ငယ်ရွယ်သေးတဲ့ တူဖြစ်သူကို မနာကျင် စေလိုတာကြောင့် တိုင်တန်းမှု မပြုလုပ် ခဲ့တာလို့ သူက ပြောပါတယ်။

တရားရုံးမှာတော့ တာရာလာက ဖခင်ဘေးမှာ ထိုင်နေပြီး သူ့ပုံစံက စိတ်ရှုပ်နေတယ်လို့ ဆိုပါတယ်။




ဓာတ်ပုံ -ctpost

Original link - http://burmese.dvb.no/archives/116459


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...