အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သူ အမျိုးသားထောင်ပေါင်း များစွာကို ပြန်တိုက်ခဲ့သော မိန်းကလေး




မိန်းကလေး အများစုဟာ သူတို့ရဲ့ဘဝမှာ တစ်နည်း မဟုတ် တစ်နည်းနဲ့ လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက် ခံနေကြ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကို လာနှောင့်ယှက်တဲ့ သူနဲ့ ရန်ဖက်ဖြစ်ရမှာထက် တိုက်ခိုက် လာတဲ့ မှတ်ချက်တွေကို လျစ်လျူရှုဖို့ ကိုပဲ မိန်းကလေး တော်တော် များများက ရွေးချယ် တတ်ကြ ပါတယ်။

ဒါပေမဲ့ ပရောဖက်ရှင်နယ် တယောသမား Mia Matsumiya ဆိုသူ မိန်းကလေး ကတော့ လူမှု မီဒီယာ ပေါ်မှာ မနှစ်မြို့ဖွယ် မှတ်ချက်တွေကို ၁၀နှစ်တာ ခံစား ခဲ့ပြီးရတဲ့နောက် သူမကို နှုတ်ကနေ တိုက်ခိုက်လာသူ ယောကျာ်းတွေအား ဆန့်ကျင် ခုခံဖို့ကို လုပ်ခဲ့ ပါတော့တယ်။

ပြီးခဲ့တဲ့လက၊ အသက် ၃၅နှစ် အရွယ် ဂီတသမား Mia Matsumiya ဆိုသူဟာ ‘Perv Magnet’ အမည်နဲ့ Instagram စသုံး ခဲ့ပါတယ်။ နှာဗူးတွေ၊ အမဲလိုက်တွေ၊ အရူးတွေ ဆီကလာတဲ့ မက်ဆေ့ခ်ျပုံ ၁၀၀၀ ကို screenshots ရိုက်ပြီး Instagram မှာ တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ အတွင်း ရရှိခဲ့တဲ့ မက်ဆေ့ခ်ျတွေပါ။

Mia ဟာ အရက် ၄ပေ ၉လက်မ ရှိတဲ့ အာရှ-အမေရိကန် လူမျိုး တစ်ယောက်ပါ။ လက်မခံနိုင်စရာ၊ လူမဆန်တဲ့ ဒီလိုနှောင့်ယှက်မှုပေါင်း များစွာ ကို ဆက်တိုက် ခံစားခဲ့ရတာဟာ သူမအတွက် အိပ်မက်ဆိုး တစ်ခုဖြစ် ခဲ့ပါတယ်။

“ကျွန်မဘဝ ကာလ အများစုမှာ နှောက်ယှက်ခဲ့တဲ့ အာရှသား လိင်စွဲမက်သူတွေ၊ ကလေး လိင်စွဲမက်သူတွေ၊ လူမျိုးရေး ခွဲခြားသူတွေ၊ အမဲလိုက်တွေ၊ လိင်ပိုင်း ဆိုင်ရာတွေကို ပိုင်စိုးပိုင်နင်း ဘယ်လို မှတ်ချက်ပေး ရမယ်ဆိုတာ သိပ်သိတဲ့ သူတွေ ကို ပြန်လည် တိုက်ခိုက် လိုက်တာပါ။” လို့ Mia ကပြောပါတယ်။

Mia ရရှိခဲ့တဲ့ မက်ဆေ့ခ်ျတွေထဲမှာ မုဒိန်းကျင့်တာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာ တွေပါ ပါပါတယ်။ ဒီလိုနှောင့်ယှက်မှုတွေကို မခံစားနိုင်တော့တဲ့ အဆုံး တစ်ခုခုလုပ်ဖို့ကို ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။

“ကျွန်မအရမ်းဒေါသ ထွက်တယ်။ လူတစ်ယောက်ကို ဒီလိုနည်းနဲ့ ခြိမ်းခြောက်တယ် ဆိုတာ လက်မခံနိုင် စရာပဲ။ လူမျိုးခွဲခြားသူတွေ၊ မိန်းကလေးတွေကို နှိမ်တဲ့ သူတွေ ရှိတယ် ဆိုတာကို လူတွေက ငြင်းလေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်မက နေ့တိုင်းလိုလို အတိုက်ခိုက် ခံနေရတာ၊ ဒီမှာ ကျွန်မရဲ့ သက်သေပဲလေ။” လို့ Mia ကပြောပါတယ်။

Instagram အသုံးပြုသူ တစ်ယောက်ရဲ့ ဆိုးဆိုးရွားရွား မက်ဆေ့ခ်ျတစ်ခုကတော့ “အာရှသူတစ်ဦးနဲ့ ငါဘယ်တုန်းကမှ ချိန်းမတွေ့ဖူးဘူး။ တစ်ချိန်ချိန် ချိန်းတွေ့နိုင် မလားဆိုတာ ငါသိချင်တယ်။ အာရှသူ မကြုံဖူးတဲ့ ငါ့ကို အခွင့်အရေးယူပြီး ထာဝရ ဂုဏ်ယူလိုက် စမ်းပါကွာ။” လို့ပဲဖြစ်ပါတယ်။

“ကျွန်မရခဲ့တဲ့ အာရုံစိုက် ခံရမှုတွေကို ကြွားဖို့ အကောင့် သုံးနေတယ်လို့ တချို့သူတွေက ထင်ကြတယ်။” လို့တော့ သူမက ပြောခဲ့ပါတယ်။




Original link - http://knowledge.thithtoolwin.com/2015/10/blog-post_14.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...