အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့ အမျိုးသား





Home / featured / ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့အမျိုးသား
ရည်းစားနဲ့ စကားများရာက ကိုယ့်လိင်အဂါင်္ကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တဲ့အမျိုးသား
Staff Writer 14:30 featured



ဒီဗီဒီယိုဟာ ရှော့ခ်ဖြစ် သွားစေနိုင်တဲ့ အချိန် အခိုက်အတန့် တစ်ခုကို ရိုက်ကူး ပြသထားပြီး ထိုဗီဒီယို ထဲမှာတော့ လမ်းပေါ်မှာ အစား အသောက် ရောင်းချသူ အမျိုးသား တစ်ဦးဟာ သူရဲ့ ချစ်သူ ကောင်မလေးနဲ့ တယ်လီဖုန်း ပြောရင်း စကားများပြီး သူ့ရဲ့ လိင်အင်္ဂါကို လှီးဖြတ် ခဲ့တာတွေ့ရပါတယ်။

အသက် ၂၁ နှစ်သာ ရှိသေးပြီး သူ့ရဲ့ အစားအသောက် ဆိုင်ကြောင့် HB လို့ လူသိများတဲ့ အမျိုးသားဟာ တူရကီ တောင်ပိုင်းက မက်ဒစ်တာရေးနီးယန်း ကမ်းခြေမှာတည်ရှိတဲ့ Mersin မြို့ ၊ Yenisehir ခရိုင် မှာ ရိုက်ကူးနေတဲ့ လုံခြုံရေးကင်မရာ CCTV ထဲမှာ အထက်ပါ အနေအထားအတိုင်း ပါဝင်နေတာပါ။

ထိုပေါင်မုန့်ရောင်းချသူ အမျိုးသားဟာ ဖုန်းပြောရင်း ကောင်မလေးနဲ့ စကားများ ပြီးတဲ့နောက် သူ့ရဲ့ ဘောင်းဘီကို ချွတ် လိုက်ကာ သူ့ရဲ့ အမျိုးသား ဖွားဖက်တော် ကို ဘရိတ်ဓါး နဲ့ လှီးဖြတ်ခဲ့ တာပဲ ဖြစ်ပါတယ်။

ဗီဒီယိုမှာတော့ အရမ်း ကြည်လင်ပြတ်သားမှု မရှိတဲ့အတွက် မျက်မြင်သက်သေတွေကို မေးမြန်းခဲ့ရာမှာ သူဟာ နေ့ခင်းကြောင်တောင် လူပေါင်းမြောက်များစွာရှိတဲ့ လမ်းပေါ်မှာ သူ့ရဲ့ အမျိုးသား အင်္ဂါကို ဘရိတ်ဓါးနဲ့ လှီးဖြတ်ခဲ့တာပဲ ဖြစ်တယ်လို့ မျက်မြင်သက်သေတွေက မီဒီယာ ကို ပြောပြခဲ့ပါတယ်။

အရပ်ဝတ် နဲ့ ရဲအရာရှိတစ်ယောက်ဟာ အခင်းဖြစ်ပွားရာနေရာ ကို ရောက်ရှိလာပြီး ဖြတ်သွားဖြတ်လာ တွေရဲ့ အကူအညီနဲ့ ထိုအမျိုးသားကို တားမြစ်ခဲ့ပါတယ်။ ထိုအမျိုးသားကို Mersin တက္ကသိုလ် Medical Faculty ဆေးရုံကို ပို့ဆောင်ပြီး ခွဲစိတ်ဆရာဝန်တွေက သူ့ရဲ့ ပြတ်သွားတဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ပြန်လည်တပ်ဆင်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

ဆရာဝန်တွေကတော့ သူ့ရဲ့ လိင်အင်္ဂါဟာ ထိခိုက်မှု ပြင်းထန်ခဲ့တဲ့ အတွက် ပြန်လည်တပ်ဆင် ကောင်းမွန်နိုင်ဖို့တော့ ဖြစ်နိုင်ချေ နည်းတယ်လို့ ပြောပြ ခဲ့ကြပါတယ်။ ထိုအမျိုးသားကတော့ သူ့ရဲ့ ကောင်မလေးက ဘာပြောခဲ့လဲ ဆိုတာနဲ့ သူတို့ ဘာကို ငြင်းခုံ ခဲ့ကြတယ် ဆိုတာကို ပြောပြဖို့ ငြင်းဆန် ခဲ့ပါတယ်။




Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_16.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...