အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 26, 2015

၎.၅ စက္ကန့်အတွင်း အံစာတုံး ဆက်ပြီးသွားတဲ့ အသက် ၁၄ နှစ်သား ကမ္ဘာ့စံချိန် ချိုးသွား




အသက် ၁၄ နှစ်သား ကောင်လေး တစ်ယောက်ဟာ ၄.၅ စက္ကန့် အတွင်း အံစာတုံး ဆက်ပြီး ကမ္ဘာ့ စံချိန်သစ် တင်ခဲ့ ပါတယ်။

စနေနေ့က Clarksville, Md မှာ ကျင်းပါတဲ့ River Hill Fall 2015 ပြိုင်ပွဲမှာ ၅.၂၅ စက္ကန့်နဲ့ အံစာတုံး အပြီးဆက်နိုင် ထားတဲ့ စံချိန်ကို ၁၄ နှစ်အရွယ် Lucas Etter ကျော်လွန်ပြီး စံချိန် ချိုးခဲ့တာ ဖြစ်ပါတယ်။

Etter နဲ့ တခြား ပြိုင်ပွဲ ၀င်တွေဟာ ၁၅ စက္ကန့် အတွင်း ကွန်ပြူတာက စီစဉ်ထားတဲ့ အံစာတုံး အရောင် ကွက်တွေကို ပြန်လည် ဆက်စပ်ပေး ရတာဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်ချက် တွေကို YouTube မှာ တရားဝင် ပြိုင်ပွဲက ဗီဒီယို ဖိုင်ကို တင်ထား ခဲ့တာဖြစ် ပါတယ်။

ပြီးခဲ့တဲ့ စံချိန်ကတော့ ၅.၂၅ စက္ကန့်နဲ့ Collin Burns က Doylestown Spring 2015 ပြိုင်ပွဲမှာ စံချိန်တင် ထားခဲ့တာ ဖြစ်ပါတယ်။

Etter ကတော့ ၅စက္ကန့်အတွင်း အံစာတုံး ဆက်နိုင်ခဲ့ပြီး တရားဝင် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_26.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...