အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 27, 2015

ရေငုပ်ပြီး ကျောက်ပုစွန် ဖမ်းသည့် ခွေး (ရုပ်သံ)




ခွေးတွေကို ဗုံးရှာတာ မူးယစ်ဆေးဝါး ရှာဖွေဖို့ အတွက် လေ့ကျင့် သင်ကြား ပေးနေ သလို တချို့က ကျောက်ပုစွန် ဖမ်းတတ်အောင် လေ့ကျင်ပေး ထားပါတယ်။

ဒီလိုလေ့ကျင့် သင်ကြားပေးတဲ့ ခွေးတွေက ကျောက်ပုစွန်ကို ရေထဲမှာ အလွယ် တကူ ရှာဖွေ ဖမ်းဆီး တတ်သွား ပါတယ်။

ခွေးတွေကို ပုစွန်ဖမ်း တတ်အောင် ဘယ်လို လေ့ကျင့်မှာ ပါလဲ။ ဗြိတိန် အခြေစိုက် သည်မေးရား အင်တာနက် စာမျက်နှာကတော့ ပုစွန် ဖမ်းတတ်အောင် ခွေးကို လေ့ကျင့်ပေးနိုင်တဲ့ အဆင့်တွေကို တဆင့်ခြင်းစီ ရုပ်သံဖိုင်နဲ့ တင်ပြ ထားပါတယ်။

ပထမအဆင့် ကတော့ ခွေးကို လေ့ကျင့်လို့ ရအောင် အသင့်ဖြစ်အောင် လုပ်ဆောင်ဖို့လို့ ဆိုပါတယ်။ ဒီအဆင့်ဟာ အစပိုင်းဖြစ်တဲ့ အတွက် အရမ်းကို အရေးကြီး တယ်လို့လည်း လေ့ကျင့်ပေး တဲ့သူက ပြောပါတယ်။

လေ့ကျင့်တဲ့ အချိန်မှာ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်ဖို့နဲ့ ခွေးက တခုခုကို အောင်မြင်အောင် ဆောင်ရွက်ပြီးတိုင်း လက်ခုပ်တီးပေးဖို့ကိုလည်း သတိပေးထားပါတယ်။

ဒုတိယအဆင့်ကတော့ ရေကန်ထဲက လှေကားထစ်တွေပေါ်မှာ ချထားတဲ့ တုတ်ကိုခွေးကို အကြိမ်ကြိမ် ဆယ်ယူစေတာ ဖြစ်ပါတယ်။ အပေါ်ဆုံးတထစ်က အဆင်ပြေသွားရင် တဖြည်းဖြည်းနဲ့ ဒုတိယတထစ် တတိယတထစ်စီ ရွှေ့ပြောင်းသွားဖို့ ဖြစ်ပါတယ်။

ဒါအပြင် ရေထဲမှာ ခွေးကို ကူညီပေးခြင်းအားဖြင့် ခွေးအတွက် သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူ ဖြစ်စေတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ခွေးကို အကူအညီမပေးဘဲ ကိုယ်တိုင် ဆယ်ယူစေရမှာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ လေ့ကျင့်ပေးနေကျနေရာမှာ မဟုတ်ဘဲ တခြားနေရာမှာ ရေထဲက တုတ်ကို ခွေးကို ဆယ်ယူစေတာ ဖြစ်ပါတယ်။ နောက်တဆင့်မှာတော့ ရေပိုနက်တဲ့ နေရာမှာ ခွေးကို တုတ်ကို ဆယ်ခိုင်းတာ ဖြစ်ပါတယ်။ ဒီနောက်မှာ ခွေးကို ရေငုတ်တတ်ပြီး အသက်အောင့်တတ်အောင် သင်ပေးတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျောက်ပုစွန်ကို လက်တွေ့ဖမ်းခိုင်းတာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124473

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...