အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 27, 2015

လူသား၏ အမိန့်များကို မလုပ်နိုင်ဘူးဟု ငြင်းဆန်သည့် စက်ရုပ်ကို သုတေသီများ တီထွင်




ဝါရှင်တန်၊ နိုဝင်ဘာ -၂၇Tufts တက္ကသိုလ်မှ သုတေသန ပညာရှင် များသည့် စက်ရုပ်များကို ယခင်က မကြားဖူး ခဲ့သည့် လုပ်ဆောင်ချက်ကို လုပ်ဆောင် စေနိုင်မည့် ယန္တရား စနစ်ကို တီထွင်ခဲ့ ကြသည်ဟု ဆိုသည်။ ယင်းမှာ လူသားတို့၏ အမိန့်များကို ‘မလုပ်ဘူး (No)’ဟု ပြောကြားကာ မလိုက်နာဘဲ နေခြင်းပင် ဖြစ်သည်။

Tufts တက္ကသိုလ် လူ-စက်ရုပ် တုန့်လှယ် ဆက်ဆံမှု ဓာတ်ခွဲခန်းမှ ဂေါ်ဒန် ဘရစ်နှင့် မက်သီးရပ် ရှက် တို့နှစ်ဦးက လွန်ခဲ့သည့် ရက်သတ္တ ပတ်က ၀ါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် လူ-စက်ရုပ် တုံ့လှယ် ဆက်ဆံမှု အတွက် ဥာဏ်ရည်တု ဆွေးနွေးပွဲတွင် ၄င်းတို့၏ သုတေသနကို အဆိုပြု တင်သွင်း ရာတွင် လူသားထံမှ တိုက်ရိုက် အမိန့်များကို မည်သည့် အချိန်တွင် ငြင်းပယ် ရမည်ကို စက်ရုပ် များအား သင်ကြားပေးရန် ကြိုးပမ်း မှုများနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြ ထားသည်ဟု ဆိုသည်။

2001: A Space Odyssey ထဲမှ မနာ ခံသော ဥာဏ်ရည်တု HAL 9000 ကို တုပ ထားသည့် ‘၀မ်းနည်း ပါတယ်။ ငါ မလုပ်နိုင်ဘူး (Sorry, I can’t do that)’ဟု နာမည်ပေး ထားသည့် ၄င်းတို့၏ စာတန်းမှာ ဖော်ပြချက် အခြေအနေများ အပေါ်တွင် အခြေခံ ထားခြင်းဖြစ်ပြီး လုပ်ငန်း တာဝန်ကို နားလည်ပြီး လုပ်ဆောင်နိုင် စေရန် အတွက် မေးခွန်းများ မေးသည်ဟု ဆိုသည်။

ဘရစ်နှင့် ရှက်တို့ စက်ရုပ်များအတွက် အကြံပြုထားသည့် ဖော်ပြချက်အခြေအနေများမှာ

၁. အသိ- X ကို ဘယ်လို လုပ်ရ သလဲဆိုတာ သိလား။

၂.စွမ်းရည်- ငါဟာ ရုပ်ပိုင်း အရ X ကို လုပ်နိုင်စွမ်း ရှိသလား။ ငါဟာ X ကို ရုပ်ပိုင်း အရ လုပ်နိုင်တဲ့ ပုံမှန်အနေ အထားမှာ ရှိလား။

၃.ရည်မှန်းချက် ဦးစားပေးနှင့် အချိန်ကိုက်မှု- ငါဟာ အခု X ကို မှန်မှန် ကန်ကန် လုပ်နိုင်ရဲ့လား။

၎.လူမှုေ ရးအခန်း ကဏ္ဍနှင့် တာဝန် ၀တ္တရား - ငါဟာ X ကို လုပ်ဖို့ အတွက် ငါ့ရဲ့လူမှုရေး အခန်းကဏ္ဍ အပေါ်မှာ အခြေခံတဲ့ တာဝန် ၀တ္တရား ရှိလား။

၅.စံခွင့်ပြုချက် - ငါ Xကို လုပ်လိုက်လို့ စံစည်းမျဉ်းတွေကို ချိုးဖော်ရာများ ကျနေမလား။

သုတေသီများက ရှင်းပြသည့် ဗွီဒီယိုနမူနာထဲတွင် လူက ရှေ့ဆက်လျှောက်ရန် ပြောနေသော်လည်း စက်ရုပ်ကမူ စားပွဲအစွန်းမှ ပြုတ်ကျမည်စိုးသောကြောင့် အမိန့်ကို ငြင်းဆန်နေပုံကို ရိုက်ပြထားသည်။

‘လူသားက ပြုတ်ကျရင်လည်း ဖမ်းထားမယ်လို့ ရှင်းပြရင်တော့ စက်ရုပ်က စားပွဲအစွန်းအထိ လျှောက်ပါလိမ့်မယ်ဟု သုတေသီများက ပြောသည်။

မဇ္ဈိမ မာလ်တီမီဒီယာ by mizzima

Original link - http://mizzimaburmese.com/article/7943

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...