အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 19, 2015

ဆိုက်ပရပ်စ်နိုင်ငံတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၄ဝဝ ခန့်က အသုံးအဆောင် ပစ္စည်း များကို ရှေးဟောင်း မြေအောက် ဂူသင်္ချိုင်း မှတွေ့ရှိ




ဆိုလီ ၊ ၁၉-၁ဝ-၂ဝ၁၅

ဆိုက်ပရပ်စ်နိုင်ငံ ဆိုလီမြို့ရှိ ရှေးဟောင်း ဂူသင်္ချိုင်း သုံးခုအတွင်းမှ လွန်ခဲ့သည့် နှစ်ပေါင်း ၂၄ဝဝ ခန့်က လူ အသုံးအဆောင် ပစ္စည်းများကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂူသင်္ချိုင်း အတွင်းရှိ မြေတိုက်ခန်း နှစ်ခုမှ လူရိုး အပိုင်းအစများ အပြင် ဇိမ်ခံ အရက်သောက်သည့် ကလပ်ခွက်များ၊ ရွှေသစ်ရွက် ပန်းခွေတစ်ခု၊ လက်နက်များနှင့် လက်ဝတ် ရတနာများကို တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိမှုသည် ဆိုက်ပရပ်စ်နှင့် အခြားဥရောပ နိုင်ငံများ အကြား စီးပွားရေး ကူးသန်း ရောင်းဝယ်မှု လမ်းကြောင်းများကို သိရှိစေနိုင် ခဲ့ကြောင်း သုတေသန ပညာရှင် များက ပြောကြား ထားသည်။

ထို့ပြင် ဂူသင်္ချိုင်း တစ်ခုတွင် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့်ကလေးငယ် တစ်ဦးတို့၏ အရိုးအပိုင်းအစ များကိုတွေ့ရှိ ရပြီး အခြား ဂူသင်္ချိုင်းတွင်မူ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦးတို့၏ အရိုး အပိုင်းအစများကို တွေ့ရှိရသည့် အပြင် လက်ဝတ် ရတနာများ ကိုပါ တွေ့ရှိရသည့် အတွက် ၄င်းတို့သည် မဟာဆန်သော မိသားစုများ ဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် သာလျှင် ၄င်းတို့၏ လက်ဝတ်ရတနာ များကိုထည့်သွင်း မြှုပ်နှံခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း သုတေသီများ က ပြောကြား ထားသည်။

ယခုအခါ အဆိုပါ အသုံးအဆောင် ပစ္စည်းများကို ဆိုက်ပရပ်စ်နိုင်ငံ မော်ဖူးမြို့ရှိ သဘာဝ နှင့် ရှေးဟောင်း သုတေသန ပြတိုက်တွင် ပြသထားကြောင်း သိရသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_39.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...