အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 19, 2015

စွန့်ပစ် သစ်တိုသစ်စ များဖြင့် ထုတ်လုပ်သည့် လက်ပတ်နာရီ (ရုပ်သံ)




အင်ဒိုနီးရှား နိုင်ငံ၊ ဘန်ဒေါင်းမြို့က စွန့်ပစ် သစ်တိုသစ်စတွေ ကနေ လက်ပတ် နာရီ ထုတ်လုပ်တဲ့ နာရီ ကုမ္ပဏီတခုဟာ အောင်မြင်မှု ရရှိနေ ပါတယ်။

ကုမ္ပဏီ နာမည်ကို နိုင်ငံအရှေ့ပိုင်း ပါပူအာ ပြည်နယ်မှာ ပေါက်ရောက်တဲ့ “မာတွာ” ဆိုတဲ့ သစ်ပင် အမည်ကို ပေးထား ပါတယ်။

သစ်ပင်ကြီးတွေ ခုတ်လှဲတဲ့ အခါ ထွက်လာတဲ့ သစ်တို သစ်စ တွေကို နာရီ ထုတ်လုပ်တဲ့ အခါ အများဆုံး အသုံးပြုတ ယ်လို့ ကုမ္ပဏီရဲ့ ဈေးကွက် မန်နေဂျာက ပြောပါတယ်။

လက်မှုပညာရှင် ၂၅ ဦးနဲ့ တရက်ကို နာရီ ၂၅ လုံး ထုတ်လုပ်နိုင်ပြီး နာရီတလုံးကို အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာကနေ ၁၂၀ ဒေါ်လာအထိ ရရှိပါတယ်။

လူဦးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားမှာ လူဦးရေ တ၀က်လောက်ဟာ တရက်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာတောင် မရတာကြောင့် ဒီနာရီတွေရဲ့ဈေးဟာ ကြီးတယ်လို့ ဆိုရပေမယ့် နာရီကို ကြိုက်နှစ်သက်ပြီး အားပေးတဲ့ ပရိသတ် ရှိတယ်လို့ ဆိုပါတယ်။

နာရီဝါသနာရှင်တဦးက “နာရီအများစုဟာ သတ္တုနဲ့ထုတ်လုပ်တာကြောင့် အခုလို စွန့်ပစ် သစ်တိုသစ်စနဲ့ နာရီထုတ်လုပ်တာကိုက တမူထူးခြားတယ်။ ပြီးတော့ အလွန်ပေါ့ပါးတယ်” လို့ ပြောပါတယ်။

လောလောဆယ် နာရီဒီဇိုင်း ၅ မျိုး ထုတ်လုပ်နေပြီး အင်ဒိုနီးရှားကျွန်း ၅ ကျွန်းရဲ့အမည်တွေ ပေးထားပါတယ်။

အဲဒီနာရီတွေကို နိုင်ငံအနည်းဆုံး ၉ နိုင်ငံကို တင်ပို့ရောင်းချနေပြီး စင်ကာပူ၊ တရုတ်၊ ဂျပန်၊ တောင်အာဖရိက၊ ဂျာမနီနဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117281

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...