အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

နှစ်ဒေါ်လာဖြင့် ၀ယ်ယူခဲ့သည့် ဓာတ်ပုံ ဒေါ်လာငါးသန်း အထိ တန်ဖိုး ရှိနိုင်ဟု သုတေသီ တစ်ဦး သုံးသပ်



A detail from a 4×5-inch photo depicting Billy the Kid, left, playing croquet in 1878. Photograph: Kagin's

တီဘူရန် ၊ ၁၈-၁ဝ-၂ဝ၁၅

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူ ခဲ့သည့် ဝရမ်းပြေး တစ်ဦးဖြစ်သူ Billy the Kid ရုပ်ပုံပါ ဓာတ်ပုံ တစ်ပုံသည် အမေရိကန် ဒေါ်လာ ငါးသန်း အထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's အမည်ရှိ ဒင်္ဂါးနှင့် တံဆိပ် လေ့လာမှု ကုမ္ပဏီတစ်ခုက အောက်တိုဘာ ၁၆ ရက်တွင် အတည်ပြု ပြောကြားသည်။

အရွယ်အစား အားဖြင့် အလျား ၅ လက်မ၊ အနံ ၄ လက်မရှိ အဆိုပါ ဓာတ်ပုံသည် ၁၈၇၈ ခုနှစ် နွေရာသီတွင် အပေါင်း အဖော်များ နှင့်အတူ မြေစိုက် သံကွင်းများ အတွင်းသို့ သစ်သား ဘောလုံးများ ရိုက်သွင်း ကစားနေသည့် Billy the Kid ၏ ပုံဖြစ်ပြီး အဆိုပါ ဓာတ်ပုံကို မင်္ဂလာ ဧည့်ခံပွဲ တစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ဓာတ်ပုံကို တစ်နှစ် ကျော်ခန့် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ပြီး မှသာ ဓာတ်ပုံပါ ရုပ်ပုံများကို ဖော်ထုတ် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း Kagin's ကုမ္ပဏီက ပြောကြားသည်။

ရှေးဟောင်း ပစ္စည်း ရှာဖွေ စုဆောင်းသူ တစ်ဦးသည် အဆိုပါ ဓာတ်ပုံကို ကယ်လီဖိုးနီးယား ပြည်နယ် ဖရန်စ်နိုမြို့ရှိ ရှေးဟောင်း ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်မှ အမေရိကန် နှစ်ဒေါ်လာဖြင့် ဝယ်ယူ ခဲ့ခြင်း ဖြစ်ပြီး စင်စစ်တွင်မူ ၄င်း ဓာတ်ပုံသည် အမေရိကန် ဒေါ်လာ ငါးသန်း အထိ တန်ဖိုးရှိ နိုင်ကြောင်း Kagin's ကုမ္ပဏီမှ သုတေသီ တစ်ဦးဖြစ်သူ ဒေးဗစ် မက်ကာတီ က ပြောကြားသည်။

ဟင်နရီ မက္ကာသီခေါ် Billy the Kid သည် ၁၉ ရာစုအတွင်း ဖြစ်ပွားခဲ့သော လင်ကွန်းကောင်စီ စစ်ပွဲတွင် ထင်ရှားသည့် သေနတ်သမား တစ်ဦးဖြစ်ပြီး ၄င်းသည် နောက်ပိုင်းတွင် ဝရမ်းပြေး တစ်ဦး အဖြစ်သို့ ရောက်ရှိ သွားကြောင်း သိရသည်။

Multimillion-dollar photo of Billy the Kid playing croquet was $2 junk shop find

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_3.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...