
ဆုတောင်း ၀တ်ပြုနေတဲ့ မက်ခ်ဇူကာဘတ် (photo- mark zukerberg facebook)
တရုတ်ပြည် အလယ်ပိုင်း Shaanxi ခရိုင်ရဲ့ မြို့တော်ကြီး ဖြစ်တဲ့ Xi'an မြို့တော်ရှိ Wild Goose ဘုရားကျောင်း ကြီးကို သွားရောက် လည်ပတ်ခွင့် ရခဲ့သော ဖေ့ဘုတ် တည်ထောင်သူ မက်ခ် ဇူကာဘတ်ဟာ အဲ့ဒီ ဘုရားမှာ ကမ္ဘာကြီး ငြိမ်းအေးချမ်းဖို့နဲ့ သူ့မိသားစု အတွက်ပါ ဆုတောင်း မေတ္တာ ပို့သခဲ့တယ်လို့ သူ့ရဲ့ ကိုယ်ပိုင် ဖေ့ဘုတ် စာမျက်နှာ ထက်မှာ ပြီးခဲ့တဲ့ နာရီပိုင်း လောက်က ရေးသား ခဲ့ပါတယ်။
မက်ခ်ဇူကာဘတ်ရဲ့ အမျိုးသမီးဖြစ်သူ ပရင်စစ်လာဟာ ဗုဒ္ဓဘာသာဝင်တဦးပါ။ ဒါကြောင့် သူမက သူ့အား ဆုတောင်းခိုင်းတာလို့လည်း ဆိုပါ တယ်။
ဗုဒ္ဓဘာသာဟာ အလွန်ပင် အံ့သြထူးဆန်းတဲ့ ဘာသာ၊ အတွေးအခေါ်ကို ဦးစားပေးတဲ့ ဘာသာတခုဖြစ်ပါတယ်။
ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလျက်ရှိပါတယ်။ ပိုပြီးတော့လည်း နက်နက်ရှိုင်းရှိုင်း နားလည် ယုံကြည်လာမယ်လို့လည်း မျှော်လင့်ပါတယ် လို့ ရေးသားထားပါသေးတယ်။
Ref: Mark Zukerberg facebook
The Irrawaddy's Blog by thae thae
Original link - http://blog.irrawaddy.org/2015/10/blog-post_93.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments: