အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 9, 2016

အလောင်းများကို ပြန်ဖော်ပြီး ၀တ်စားဆင်ယင်ပေးရသည့် ထူးခြားပွဲတော်




အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ တောင်ပိုင်း တိုရာဂျာ ခရိုင်ထဲမှာ သေဆုံး ကွယ်လွန် သွားခဲ့ပြီး ဖြစ်တဲ့ ဆွေမျိုး သားချင်းတွေရဲ့ အလောင်း တွေကို ပြန်ဖော်ပြီး ၀တ်စား ဆင်ယင်ပေး ရတဲ့ ပွဲတော်ကို ကျင်းပ ခဲ့ကြတယ်လို့ မေရာ သတင်းမှာ စက်တင်ဘာ ၈ ရက်နေ့က ဖော်ပြ ပါတယ်။

ရိုးရာ ယုံကြည်မှု အရ ကွယ်လွန် သွားသူ ဆွေမျိုး သားချင်းတွေဟာ သူတို့ရဲ့ စိတ်နှလုံး ထဲမှာ ရှင်သန်နေဆဲ ဖြစ်တယ် ဆိုတာ ပြသတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပ ကြတာပါ။

မိန်း (Ma’nene) ဒါမှ မဟုတ် ရိုးရာ လူသေ အလောင်း သန့်ရှင်းရေး ပွဲတော်လို့ အမည်ရတဲ့ ဒီပွဲတော်မှာ လူသေ အလောင်းတွေကို ပြန်လည် တူးဖော်ပြီးနောက် သစ်လွင် တောက်ပတဲ့ အ၀တ် အစားတွေ ၀တ်ဆင် ပေးတာ၊ ရေချိုး ဖြီးလိမ်း ပြင်ဆင် ပေးတာတွေ လုပ်လေ့ ရှိတာပါ။

အဲဒီနောက်မှာတော့ ပျက်စီးနေတဲ့ ခေါင်းတလားတွေကို ပြန်လည် ပြင်ဆင်တာတွေ၊ လဲလှယ် တာတွေကို လုပ်ကြတာပါ။

အိမ်တအိမ်မှာ တစုံတယောက် သေဆုံး သွားပြီဆိုရင် ကျန်ရစ်သူတွေ အနေနဲ့ တခြား ဆွေမျိုး သားချင်းတွေကို စောင့်ဆိုင်းဖို့ အတွက် နေအိမ်မှာ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေနဲ့ချီပြီး ထားရ တာဟာ ခက်ခဲပြီး ခုလို အခမ်း အနားကတော့ အများဆုံးနဲ့ ဈေးအကြီးဆုံး လုပ်လေ့ရှိကြတဲ့ အခမ်းအနား တခု ဖြစ်နေတာပါ။

သူတို့တွေရဲ့ ရှေးဟောင်းရိုးရာယုံကြည်မှုအရ သေဆုံးသူတွေရဲ့ ၀ိညာဉ်ဟာ မူရင်းနေရပ်ဆီ ပြန်လာရမယ်လို့ ဆိုပါတယ်။

ခရီးသွားရင်း သေဆုံးတဲ့သူ ဖြစ်စေကာမူ သူတို့ရဲ့ ၀ိညာဉ်တွေဟာ နေရင်း မူလအိမ်ရှိရာဆီ ပြန်လာနိုင်ကြတယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/167636

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...