အလွန် ထူးဆန်းတဲ့ ဦးခွံ နဲ့ အလောင်း တစ်ခုကို ဒေသခံ နှစ်ယောက်ဟာ ကိုဗာရှီ မြစ်ကမ်း ဘေးမှာ တနင်္ဂနွေနေ့ က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။
နျူကလီးယား ဓာတ်ပေါင်းဖို တစ်ခုအနားမှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သား အရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေ အခက် အခဲ တွေ့လျက် ရှိပါတယ်။
၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့ သူတွေ နေထိုင်နိုင်ဖို့ အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို့ ရွာ နားမှာ အဆိုပါ အလောင်းကောင်ကို အမှတ် မထင် တွေ့ ရှိခဲ့တာဖြစ်ပါတယ်။
ဂြိုလ်သားအလောင်းကို တွေ့ ရှိခဲ့သူနှစ်ယောက်ဟာ ပထမက စွန့် ပစ်ထားတဲ့ ကြက်သန္ဓေသားလောင်း တစ်ခုဖြစ်မယ်လို့ ထင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ဒီအသေကောင်ဟာ ငါး ဒါမှမဟုတ် ကြက်ငှက်နွယ်ဝင် တစ်ကောင်ကောင်ရဲ့ အလောင်းမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဦးခေါင်းခွံက ထူးဆန်းပြီး လည်ပင်းနဲ့ တောင်ပံတွေလည်း မပါရှိဘူး” လို့ သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ပါတယ်။
Krasnoyarsk မြို့ က ဇီဝရူပတက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အသေကောင်ကို စစ်ဆေး လေ့လာခဲ့ပြီး အဆိုပါဇီဝရုပ်ကို အဖြေမရှာနိုင်ခဲ့ကြဘူးလို့ သိရပါတယ်။
နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ အတွက် ဂြိုလ်သားအလောင်းကို Moscow မြို့ ကို ပို့ သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
Ref: Mirror
Originally published at - http://knowledge.thithtoolwin.com/2016/07/blog-post_22.html

No comments: