အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 30, 2016



လူကြီးခန္ဓာဖြစ်နေသည့် ၄ နှစ်အရွယ် ကလေးငယ် (သတင်းဓာတ်ပုံ)
ဒီဗွီဘီ by DVB

ဘင်္ဂလားဒေ့ရှ်က အသက် ၄ နှစ် အရွယ်သာ ရှိတဲ့ ကလေးငယ်ရဲ့ ခန္ဓာ ကိုယ်ဟာ လူကြီး တယောက်လို ဖြစ်နေ ပါတယ်။

ဘေယီဇစ်ဟူစိန်ရဲ့ ယောင်ယမ်း နေပြီး အရေး အကြောင်းပေါ်နေတဲ့ မျက်နှာ တွဲကျနေတဲ့ အရေးပြားတွေက သာမာန်နဲ့ မတူတဲ့ လူတဦးလို ဖြစ်နေပါ တယ်။



သက်တူကလေးငယ်တွေဆိုရင် ကြောက်လို့ သူအနားကနေ ထွက်ပြေးသလို ရှားပါးတဲ့ အရာတခုကို ခံစားနေတာကြောင့် သာမန်ကလေးဘ၀ကို မပိုင်ဆိုင်ရဘူးလို့ ဆိုပါတယ်။

ဖြစ်တောင့်ဖြစ်ခဲ မျိုးရိုးဗီဇ ကစဥ့်ကလျားဖြစ်ပြီး အသက်ငယ်စဉ်မှာ အသက်ရွယ်ကြီးရင့်တဲ့ အရိပ်အယောင်တွေ ပြလာတာလို့ ဆရာဝန်တဦးက ပြောပါတယ်။



ဒါ့အပြင် သူဟာ ရှားပါးတဲ့ အရေပြားရောဂါ Cutis Laxaကို ခံစားနေရာတာလို့ ဆိုပါတယ်။ ကလေးငယ်ဟာ ဆီးသွားတာ၊ သွားတွေကျိုးတာ၊ အဆစ်တွေ ကိုက်ခဲတာကိုလည်း ခံစားနေရပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာ မွေးဖွားခဲ့တဲ့ မိခင်က သူ့ကိုမွေးဖွားတုန်းက ကြောက်ရွံ့မိသလို တခြားကမ္ဘာသားတဦးလို ထင်မှတ်မိတယ်လို့ ပြောပါတယ်။

ဆရာဝန်တွေက ဒီလို ဖြစ်ရပ်မျိုးမတွေ့ဖူးတဲ့အတွက် ဘာလုပ်ရမလဲ မသိဘူးလို့လည်း ပြောပါတယ်။

ဒီလို အသွင်အပြင်မျိုးရှိနေပေမယ့် သူရဲ့ အသိဉာဏ်နဲ့ ကိုယ်ရည်ကိုယ်သွေးကတော့ တခြားသက်တူရွယ်တူတွေနဲ့ ယှဉ်လိုက်ရင် ထူးခြား ချွန်ထွက်နေတယ်လို့ ဆိုပါတယ်။

ဆေးကုသမှုတွေ လုပ်ဆောင်ပေမယ့်လည်း ကလေးရဲ့ အခြေအနေက တိုးတက်မလာဘူးလို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ – စီစီတီဗွီ

Originally published at - http://burmese.dvb.no/archives/161518

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...