အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 26, 2016

အမျိုးသားရဲ့သုတ်နဲ့ စီမံချက်ပြုတ်မည့်သင်တန်း လန်ဒန်မှာ ဖွင့်လှစ်ဖို့ရှိ ဟုဆို




တစ်ခါ တလေ ကျတော့လည်း အနောက် ဥရောပရဲ့ ပုံမှန် မဟုတ်တဲ့ လုပ်ဆောင်ချက်တွေဟာ လူထု အကြားမှာ လူကြိုက် များနေတတ် တာမျိုး ရှိတတ် ပါတယ်။

အခုလည်း လန်ဒန်မှာဖွင့်မယ့် အချက်အပြုတ် သင်တန်းမှာ အမျိုးသားရဲ့ သုတ်ပိုးနဲ့ စီမံတဲ့ အစာအစာတွေ အတွက် သင်ယူမှုတွေ ပို့ချ သွားမယ်လို့ independent.co.uk မှာ ဖော်ပြ သွားခဲ့ ပါတယ်။

တကယ် ဖွင့်လှစ်ဖြစ်မယ် မဖြစ်ဖူး ဆိုတာတော့ သေချာ တပ်အပ် မပြောနိုင်ပေမယ့် ဒီသင်တန်းကို တက်ရောက် လိုသူတွေ ကလည်း ထောင်ချီ Booking လုပ်နေလို့ သက်ဆိုင်ရာ အဖွဲ့ကတော့ လက်မလည် ဘူးလို့ သိရပါတယ်။

ဒီသင်တန်းကို တက်ရောက် လိုသူတွေ အနေနဲ့ ကိုယ်တိုင် ထုတ်လုပ် ထားတဲ့ အမျိုးသား သုတ်ပိုး / ခင်ပွန်းသည်ရဲ့ သုတ်ပိုးတွေကို သီးသန့် ယူလာ ခဲ့ရမယ်လို့ ဆိုထား ပါတယ်။



သင်တန်းကို တာဝန် ယူမယ့် စာဖိုမှူးက ယူလာတဲ့ သုတ်ကို အသုံးပြုပြီး ဟင်းအမယ်ပေါင်း များစွာကို ဘယ်လို စီမံချက်ပြုတ် ရမလဲ ဆိုတာကို သင်ပြပေး သွားမှာလို့ ဆိုပါတယ်။

ဒီသင်တန်းကို အကောင်အထည် ဖော်မယ့်သူ ကတော့ Paul Phoenhauer ဖြစ်ပြီး၊ Natural Harvest ဆိုတဲ့ အမည်နဲ့ အတူ ‘ A collection of semen-based recipes’ ဆိုတဲ့ ဆောင်ပုဒ် ကလေးနဲ့ ဖြည့်စွက် ထားပါတယ်။

ဒီသင်တန်းကြော်ငြာဟာ လူစိတ်ဝင်စားမှု များပြားပြီး ပြစ်တင် ဆဲရေးခြင်းလည်း အလွန်အမင်း ခံထား ရပါတယ်။

ဒါပေမယ့် ကမ္ဘာကျော် အွန်လိုင်းရောင်းဝယ်ရေး ၀က်ဘ်ဆိုဒ်ဖြစ်တဲ့ Amazon မှာတော့ ဒီကြော်ငြာဟာ 4 Stars အထိ Rate ရထားတဲ့ ကြော်ငြာတစ်ခု အဖြစ် ရပ်တည်နေ တယ်လို့ သိရပါတယ်။



လောလောဆယ်တော့ သင်တန်း ဖွင့်ရက်ကို အတိအကျ ကြေငြာ မထားပေမယ့် လာမယ့် အပတ်အတွင်းမှာ ဖြစ်ဖို့ရှိတယ်လို့ အဲဒီ အစီအစဉ်ကို စတင် အကောင်ထည် ဖော်ခဲ့တဲ့ တရားဝင် blog.wonderush.com လို့အမည်ရတဲ့ Blog မှာ ကြေငြာ ထားတယ်လို့ သိရပါတယ်။

ဒီသင်တန်းနဲ့ပတ်သက်ပြီး အချို့သတင်းစာတွေ ကတော့ ဒါဟာ လူစိတ်ဝင်စားမှု များပြားအောင် မသမာတဲ့ နည်းနဲ့ အဆန်းထွင် တာလို့ စွပ်စွဲခဲ့ ကြပါတယ်။

source : independent.co.uk

From : Shwe Mom - ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/cooking-with-semen-class-is-coming-to-london/

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...