အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 31, 2015

အမျိုးသမီး တဦး၏ မျက်လုံး သူငယ်အိမ် တွင်းမှ ကပ်ပါး သန်ကောင် တွေ့ရှိ (ရုပ်သံ)




အမျိုးသမီး တဦးရဲ့ မျက်လုံး သူငယ်အိမ် ထဲမှာ တွေ့ရှိရတဲ့ ကပ်ပါး သန်ကောင် တကောင်ကို ဆရာဝန် တဦးက စစ်ဆေး ကြည့်ရှုနေတဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်း အင်တာနက် စာမျက်နှာ Aပ်ါမှာ ကြည့်ရှုသူ ၁၄၀၀၀ ကျော် ရှိခဲ့ ပါတယ်။

ဆရာဝန်ဟာ အမျိုးသမီးရဲ့ မျက်စိသူငယ်အိမ် အောက်ခြေ ထက်ဝက်လောက်မှာ သွားလာနေတဲ့ သေးငယ် ပိန်ပါးတဲ့ ကပ်ပါးကောင်ကို မိုက်ခရို စကုပ်နဲ့ ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ ဗြိတိန် အခြေစိုက် မေရာသတင်းမှာ ဒီဇင်ဘာ ၃၀ ရက်နေ့က ဖော်ပြ ပါတယ်။

တကယ်လို့များ အဲဒီ မျက်စိ သူငယ်အိမ်ထဲက ဒီကပ်ပါး သန်ကောင်ကို ဖယ်ထုတ် လိုက်မယ် ဆိုရင် ဘယ်လိုဖြစ် လာမလဲ ဆိုတာကို မသိနိုင်သေး ဘူးလို့ ဆိုပါတယ်။

အဲဒီ ရုပ်သံ ဗွီဒီယို ဖိုင်ကို ကြည့်ရှုသူ တဦးက “ဒီဟာကို ဖယ်ထုတ် လိုက်တာကို မြင်ရမှ ဖြစ်မယ်။ မဟုတ်ဘူး ဆိုရင် ဒီည အိပ်နိုင်မှာ မဟုတ်ဘူး” လို့ မှတ်ချက်ပေး ထားခဲ့တာပါ။

ဒီရုပ်သံ ဗွီဒီယို ဖိုင်ကို LiveLeak.com အင်တာနက် စာမျက်နှာပေါ် တင်ခဲ့ပြီး ၆ နာရီ အကြာမှာ စိတ်ဝင် တစား ကြည့်ရှု သူတွေ များလာ ခဲ့တာပါ။

ရုပ်သံ ဗွီဒီယိုဖိုင် အညွှန်းမှာတော့ ဒါဟာ သံလုံးပိုး (ကပ်ပါးပိုး) အမျိုးအစား ဖြစ်ပြီး မိုက်ခရို စကုပ်နဲ့မှ မြင်နိုင်တယ်လို့ ဆိုပါတယ်။

တချို့ကပ်ပါးကောင် တွေဟာ အရှည် ၁ မီတာထိ ရှိနိုင်ပြီး တချို့အမျိုးအစား တွေကတော့ လူ့အသက် အန္တရာယ် ကိုတောင် ထိစေနိုင် တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံ ဗွီဒီယို ဖိုင်ကို ဘယ်နေရာမှာ ရိုက်ကူး ခဲ့သလဲ ဆိုတာ ကိုတော့ မသိ ရသေးဘူးလို့ သတင်းမှာ ဖော်ပြ ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/129195


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...