အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 30, 2015

အမည်မဖော်လိုသူ အလှူရှင်က ထီလက်မှတ် စောင်ရေ ၂၀၀၀ ခန့်ကို ဓာတ်လှေကား အတွင်း ထားရစ်ခဲ့




တိုချီဂီ ၊ ၃၀-၁၂-၂၀၁၅

ဂျပန်နိုင်ငံ တိုချီဂီစီရင်စု တိုချီဂီမြို့တော် ၌ အမည် မဖော် လိုသူ အလှူရှင် တစ်ဦးက ထီလက်မှတ် စောင်ရေ ၂ဝဝဝ ခန့်နှင့် ပေါက်ဂဏန်း ပါသည့် ထီလက်မှတ်မှ ရရှိသော အကျိုး အမြတ်ကို ရေဘေးသင့် ဒုက္ခသည် များကို ပေးအပ်ရန် တောင်းဆို ထားသည့် စာတစ်စောင်ကို ဓာတ်လှေကား အတွင်း ထားရစ် ခဲ့ကြောင်း ဂျပ န်ရဲတပ်ဖွဲ့ ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ဂျပန်ယန်းငွေ ၆ဝဝဝဝဝ (အမေရိကန် ဒေါ်လာ ၄၉၈ဝ) နှင့် တန်ဖိုးညီမျှသည့် ထီလက်မှတ်များ နှင့် အလှူရှင်၏ တောင်းဆိုစာ တို့ကို တိုချီဂီမြို့ မြို့တော်ခန်းမ ယာဉ်ရပ်နားကွင်း ဓာတ်လှေကား အတွင်း၌ အဘွားအို တစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက် အရ သိရသည်။

ထီလက်မှတ်များနှင့် တောင်းဆိုစာ ထည့်သွင်းထားသော စက္ကူအိတ် ပေါ်တွင် တိုချီဂီမြို့တော် အုပ်ချုပ်ရေးရုံး နှင့် မြို့တော်ဝန် တို့ထံ လိပ်မူထားကြောင်း ဂျပန်ရဲတပ်ဖွဲ့ က ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် ဖွင့်လှစ်မည့် နှစ်သစ်ကူးအကြို ထီကံစမ်းပွဲ၌ ထီလက်မှတ် တစ်စောင်၏ အမြင့်ဆုံး ဆုကြေးမှာ ယန်းငွေ ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၈ ဒသမ ၃ သန်း) ဖြစ်ကြောင်း သိရသည်။ ဓာတ်လှေကား အတွင်း တွေ့ရှိခဲ့သည့် ထီလက်မှတ် များကို ပိုင်ရှင်အဖြစ် တောင်းဆိုသူ ပေါ်လာချိန်ထိတိုင် ငါးလကြာ ထိန်းသိမ်း ပေးထားမည် ဖြစ်ကြောင်း ဂျပန် ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ယခုနှစ် နွေရာသီအတွင်း တိုချီဂီ စီရင်စု၌ မိုးသည်းစွာ ရွာသွန်း၍ ရေလွှမ်းမိုးမှု များကြောင့် လူခုနစ်ဦး သေဆုံးပြီး လူနေအိမ် ရာပေါင်းများစွာ ပျက်စီး ခဲ့ရကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2015/12/blog-post_679.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...