အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

မစား ၊ မသောက် ၊ မအိပ် ပဲ သီချင်း တစ်ပုဒ်တည်းကို ၄ ရက် ဆက်တိုင် မနားတမ်း နားထောင် ခဲ့သူ




Jack White ဆိုသူ အမျိုးသား တစ်ဦးဟာ သူ့ကိုယ်သူ အခန်း တစ်ခန်း ထဲမှာ ၇၅ နာရီ တိတိ သီချင်း တစ်ပုဒ်ထဲ ကိုပဲ ထပ်ခါ တစ်လဲလဲ နားထောင်ရင်း နေထိုင် ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ သိပ်တော့ မဆိုးရွား ပါဘူး။ သူ နားထောင်ခဲ့တဲ့ သီချင်းကတော့ Rick Astley ရဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်က ကျော်ကြားခဲ့တဲ့ Never Gonna Give You Up ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် Jack White ဟာ သူ့ကိုယ်သူ ဆောက်သမ်ပတန် မြို့ ၊ Highfield House ဟော်တယ် က အခန်းတစ်ခန်းထဲမှာ သူ့ကိုယ်သူ လှောင်ပိတ်ထားပြီး သောကြာင်္နေ့မနက်ပိုင်းကနေ တနလာင်္နေ့ ညနေပိုင်းအထိ Rick Astley ရဲ့ သီချင်း တစ်ပုဒ်ထဲကိုပဲ နားဆင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထို ကာလအတွင်းမှာ Jack ဟာ စကားပြောဖို့ ၊ ရေချိုးသန့်စင် ဆေးကြောဖို့လည်း စိတ်ကူးမရှိခဲ့သလို ၊ ဆန်ပြုတ် ၊ ရေ နဲ့ ထမင်းတို့ကိုလည်း ရှောင်ကြဉ်နေခဲ့ပါတယ်။ သူဟာ အဲဒီသီချင်းတစ်ပုဒ်ထဲကိုပဲ ဆက်တိုက် နားဆင်နေတဲ့အပြင် နာရီအနည်းငယ် တောင် မအိပ်ခဲ့ရှာပါဘူး။

သူရွေးချယ်ခဲ့တဲ့ Rick Astley ရဲ့ Never Gonna Give Up ဆိုတဲ့ သီချင်းကတော့ ၁၉၈၇ ခုနှစ်တုန်းက နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ နံပါတ် ၁ ဖြစ်ခဲ့တဲ့ သီချင်းပါ။ တစ်ကယ်တော့ Jack ဟာ ဆီးချိုသွေးချို ဖြစ်နေသူများ အဖွဲ့အစည်းအတွက် ရန်ပုံငွေ ဖန်တီးရှာဖွေပေးနေသူလည်းဖြစ်ပါတယ်။

"အဲဒါဘာလည်းဆိုတာကျွန်တော် စိတ်ထဲမရှိပါဘူး။ သင်ဟာ ကမ္ဘာမှာ အကောင်းဆုံးဆိုတဲ့သီချင်းကို ၄ ရက်ဆက်တိုက် တောက်လျှောက်နားထောင်နိုင်ပါတယ်။ ပြီးတော့ အဲဒါဟာလည်း ကြောက်မက်ဖွယ် ကောင်းပါတယ်။ " လို့ Jack က ဆိုပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_88.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...