အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

တင့်ကား ၀ယ်ပြီး ရပ်စရာနေရာ မရှိလို့ အိမ်ပြောင်းရတော့ မယ့် အမျိုးသား




အမျိုးသား တစ်ယောက်ဟာ သူ့ရဲ့ အိပ်ခန်း၂ ခန်းပါ တိုက်ခန်း ကနေ ပြောင်းရွှေ့ဖို့ ဖြစ်လာ ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ မက်ထရစ်တန် ၇ တန် လေးလံတဲ့ သံချပ်ကာ ကားတစ်စီးကို ၀ယ်ယူ ခဲ့လို့ပါ။

Jeff Woolmer ဆိုသူ အမျိုးသားဟာ စစ်တပ်သုံး မော်တော်ယာဉ် ( တင့်ကား ) အဟောင်း တစ်စင်းကို ၀ယ်ယူပြီး တဲ့နောက် ထိုတင့်ကားကို ပါကင် ထိုးဖို့ ကိစ္စဟာ ပြသနာ တစ်ခု သဖွယ်ဖြစ် လာခဲ့တဲ့ နောက်မှာတော့ သူဟာ အိမ်ကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။ ထို ကနေဒါ စစ်တပ် ပိုင် စစ်လက်နက် (တင့်ကား) အဟောင်းကို Mr Woolmer ဟာ စတာလင်ပေါင် ၉၀၀၀ ပေးပြီး လေလံတင်တဲ့ ၀က်ဘ်ဆိုက် တစ်ခုကနေ ၀ယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် မေ့ပြီး ၀ယ်လိုက် မိတာပါ။ အလုပ်ထဲမှာ ရောက်နေတော့မှ ဖုန်းဆက်ပြီး ဟယ်လို ဆရာ သင် တင့်ကား တစ်စီး ၀ယ်ယူ ထားပါတယ် လို့ အကြောင်းကြား လာတာပါ။ တစ်ရုံးလုံးက ကျွန်တော့်ကို ၀ိုင်း ရယ်ခဲ့ ကြပါတယ်။" လို့ Mr Woolmer က ဆိုပါတယ်။

Mr Woolmer ဟာ ဗြိတိန် နိုင်ငံ Bristol မြို့ ရဲ့ အစွန်အဖျားက တင့်ကား သိမ်းဆည်း ရပ်နားနိုင်မယ့် ဧရာမ အိမ် တစ်လုံးကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ CVRT အမျိုးအစား Scorpion တင့်ကား အသေးစား လေးဟာ အရှိန်အားဖြင့် တစ်နာရီကို မိုင် ၅၀ နှုန်း အထိ သွားနိုင်ပြီး ၇၅ မီလီမီတာ ကျယ်တဲ့ အမြှောက် တစ်ခုလည်း ပါဝင် ပါတယ်။ ဒါပေမယ့် ထို အမြှောက် ကတော့ အသုံးပြုလို့ မရနိုင်တော့ ပါဘူး။

လက်ရှိမှာတော့ Mar Woolmer ဟာ Bradley Stroke မြို့မှာ ရပ်ထားတဲ့ ထိုတင့်ကားပေါ်မှာသာ နေထိုင်နေ ရပြီး သူ့ကိုတော့ ပတ်ဝန်းကျင်က လူတွေက တင့်ကား လူသားလို့ ၀ိုင်းဝန်း နောက်ပြောင်နေ ကြပါတယ်။

Mr Woolmer ကတော့ သူ့ရဲ့ တင့်ကားဟာ အိမ်နဲ့ တူတယ်လို့ ထင်မြင်ကြောင်း ပြောပြ ခဲ့ပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_91.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...