အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

ကိုယ်ပိုင်ကလေး မရှိလို့ ကြောင်လေးနှစ်ကောင်ကို မွေးစားခဲ့တဲ့ ဂေါ်ရီလာ ကိုကို




ကိုကို လို့ အမည်ရတဲ့ ဂေါ်ရီလာ တစ်ကောင်ဟာ အမေရိကန် သင်္ကေတ ဘာသာစကား အဆင့်မြင့် ဗားရှင်းကနေ လက်ပြ သင်္ကေတ အများကြီးကို သင်ယူ တတ်မြောက် ထားသူပါ။ ဒါပေမဲ့ သူက ကိုယ်ပိုင် ကလေးရဖို့ အခွင့် အလမ်း မရှိပေမဲ့ ကလေးတွေ ချစ်တယ်ဆိုတဲ့ အကြောင်းကိုတော့ သိပ်မသိ ကြပါဘူး။

သူဟာ ဂေါ်ရီလာ အရုပ်လေးတွေကို သူ့လက်မှာ ပွေ့ပြီး “ကလေး” ဆိုတဲ့ စကားလုံးကို သင်္ကေတ ပြလေ့ ရှိပါတယ်။ သူ့ရဲ့ လက်မောင်းတွေ၊ လက်တွေကို လှုပ်ရှားပြီး အရုပ်လေး တွေကပဲ သင်္ကေတ ပြသယောင် ဟန်ဆောင် လိုက်ပါ သေးတယ်။ ကိုကိုရဲ့ ၄၄နှစ်မြောက် မွေးနေ့မှာ သူ့ရဲ့လေ့ကျင့် ပေးသူ Francine Patterson ကနေ သူ့ကို တခြားကလေး လေးတွေနဲ့ မိတ်ဆက် ပေးခဲ့ ပါတယ်။ အဲ့ဒါကတော့ ကြောင်ပေါက်လေးတွေပါပဲ။

သူကြောင်လေးတွေနဲ့ တွေ့တော့၊ “ကလေး” ဆိုတဲ့ သင်္ကေတကိုလုပ်ပြပြီးတဲ့အခါမှာ “ကြောင်” ဆိုတဲ့သင်္ကေတကို ဆက်လုပ်ပြခဲ့ပါတယ်။ ဒီကြောင်လေးတွေက သူအခုမွေးစားလိုက်တဲ့ ကလေးလေးတွေဆိုပြီး သူ့ရဲ့ လေ့ကျင့်ပေးသူကို ပြောခဲ့ပါတယ်။ ကြောင်လေးတစ်ကောင်ကို သူ့ရဲ့ခေါင်းပေါ်မှာ တင်ထားခွင့်ပြုပါ ဆိုပြီး သင်္ကေတဘာသာစကားနဲ့ ခွင့်တောင်းခဲ့ပါသေးတယ်။

သူ့ရဲ့လက်တွေက ကြောင်သေးသေးလေးတွေအတွက် သိပ်ကိုကြီးနေပေမဲ့ ကြောင်လေးတွေကို မထိခိုက်အောင် ဂရုစိုက်ပြီး ညှင်ညှင်သာသာ သယ်ခဲ့ပါတယ်။

ကြောင်တစ်ကောင်ကို မချီခင်မှာ ကိုကိုက အချိန်နည်းနည်းယူခဲ့ပါတယ်။ ကြောင်တွေကို သူနဲ့ ပထမဆုံးအကြိမ် ကျင့်သားရစေဖို့ အတွက်ပါ။ နီးနီးကပ်ကပ်ကြည့်ရအောင် သူ့ရဲ့မျက်နှာနားကို ယူလိုက်ပြီး၊ ကြောင်ရဲ့ဗိုက်ကို သူ့လက်ညှိုးနဲ့ ပွတ်သပ်လို့ ပေးနေပါတယ်။ ပြီးတော့ ပွေ့ချီထားပြီး ချော့သိပ်လို့နေပါတယ်။

အထူးမျောက်ဝံတစ်ကောင်ဟာ ဂေါ်ရီလာ သင်္ကေတ ဘာသာစကားလို့ခေါ်တဲ့ သင်္ကေတပေါင်း ၁၀၀၀ ကျော်ကို နားလည်နိုင်စွမ်းရှိတယ်လို့ ကိုကိုရဲ့လေ့ကျင့်ပေးသူ ကပြောပါတယ်။ ကိုကိုက အပြောအင်္ဂလိပ်စာနဲ့လည်း ငယ်ငယ်ကတည်းက အထိအတွေ့ရှိခဲ့ပြီး အပြောဘာသာစကား စာလုံးပေါင်း ၂၀၀၀ ခန့်ကို နားလည်နေသူပါ။

Ref:Daily Mail

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_17.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...